Part-8

2K 147 2
                                    

Unicode

"So you can keep me
Inside the pocket of your ripped jeans
Holding me closer 'till our eyes meet..."

xxx Bar အတွင်းတွင် မီးရောင် ခပ်မှိန်မှိန်နှင့်အတူ Ed Sheeren ၏ Photograph သီချင်းက Acoustic Guitar သံနှင့်အတူ အေးအေးငြိမ့်ငြိမ့် ထွက်ပေါ်လျက်ရှိသည်။

Bar အတွင်းရှိ တစ်နေရာတွင် ရှိနေသော လူငယ်တစ်စုကလည်း သီချင်းသံနှင့်အတူ လိုက်ကာ ညည်းနေကြသည်။

"အေးစေ...နင်ကလည်း ဘာလို့ အရမ်းငြိမ်နေတာလဲ"

"ဟမ်...မဟုတ်ပါဘူး
ငါ အခု ပြန်လို့ရပြီလား...လိုက်လာပြီးပြီ ဆိုတော့လေ"

"ခနလေးပဲ ‌ရှိသေးတယ်...နင်ကလည်း
ပြီးတော့ ဘာမှလည်း မသောက်ဘူး"

"အင်း ငါ သောက်လို့မရလို့"

"နင်ကလည်း...အဲ့တာဆို နင် မပြန်ရဘူးနော်...အကုန်လုံးကို ၀ိုင်းဆွဲခိုင်းထားမယ်"

‌အေးစေ တကယ်ကို အိမ်ပြန်ချင်နေပြီဖြစ်သည်။

သူငယ်ချင်းများကို အားနာသောကြောင့်သာ ခနဟူ၍ လိုက်လာသော်လည်း အေးစေ မနေချင်တော့ပါ။

ခပ်ဆူဆူ club လိုနေရာမျိုး မဟုတ်၍သာ တော်သေးသည်။

ဦးဟန် ဒီနေ့ အလုပ်ရှုပ်နေသည့်အပြင် ပြဿနာများလည်း တက်နေသည်ဆိုတာကို ဦးဟန်မပြောပေမယ့် အေးစေသိသည် မဟုတ်ပါလား။

ထို့ကြောင့် ဦးဟန်၏ အလုပ်များ၊ ပြဿနာများကို အေးစေ မကူနိုင်သော်လည်း ‌ဦးဟန်အတွက် အိမ်တွင် စားစရာတစ်ခုခု ပြင်ပေးထားပြီး အားလေး ဖြစ်ပေးချင်ပါသည်။

ပုံမှန်ဆို အေးစေကိုယ်တိုင်လည်း ဆူဆူညံညံclub တွေကို သဘောမကျဘဲ ဒီလိုမျိုး Acoustic Guitar သံ နှင့် live ဆိုပြသည့် bar မျိုးကိုသာ သဘောကျသည်။

စင်ပေါ်မှ ဆိုနေသည့် အေးအေးငြိမ့်ငြိမ့်သီချင်းကို သောက်ရင်းလိုက်ညည်းရသည့် feeling ကို အေးစေရော၊ ဦးဟန်ရော သဘောကျကြပါသည်။

သို့ပေမယ့် အေးစေ ဒီနေ့တော့ အိမ်ပြန်ချင်စိတ်သာ ရှိနေပါသည်။

***********

"Can you tell me what opportunities our students can get, please?"
(ကျွန်တော်တို့ဆီက ကျောင်းသားတွေကရော ဘယ်လိုအခွင့်အရေးတွေ ရမလဲ ပြောပြပေးပါ)

ကိုယ့်ရဲ့ ရင်မှာ အေးစေ (Completed)Onde histórias criam vida. Descubra agora