Unicode
နံနက် ၈ နာရီ။
ရုံးသွားချိန်၊ ကျောင်းသွားချိန် ဖြစ်တာကြောင့် မြို့ပြ၏ လမ်းမကြီးပေါ်တွင် ကားသံတ၀ီ၀ီအပြင် ဟိုမှသည်မှ ထွက်ပေါ်လာသော အသံတို့နှင့်ဆူညံနေသည်။
ထိုအထဲတွင် အနက်ရောင် ကားတစ်စီးလည်း အပါအ၀င် ဖြစ်သည်။
"အေးစေ...မနက်စာ ဘာစားကြမလဲ"
"..."
"အေးစေ...ကျစ်...ဒီကလေး"
ခန့်ဦးဟန် ပြောနေသည်ကို ပြန်မဖြေလာသော ကောင်လေးကြောင့် ဘေးဘက်ကို လှည့်ကြည့်လိုက်တော့ အေးစေက နားကြပ်ကိုတပ်ကာ သီချင်းနားထောင်နေဟန်ရှိသည်။
သူကတော့ ဗိုက်ဆာနေမှာ စိုးရိမ်ပြီး စားချင်တာကို ကြိုမှာပေးထားရအောင် မေးနေပေမယ့် အဲ့ကလေးက ဦးဟန်ကို အဖက်ပင်မလုပ်...
သီချင်းသံစဥ်ကိုပင် လိုက်ညီးလိုက်သေးသည်။
"ဦးဟန်...ဘာလုပ်တာလဲ"
"နားကြပ်ဖြုတ်လိုက်တာလေ"
"သားဟာ သား နားထောင်နေတာကို"
"ကိုယ်မေးနေတယ်လေ...မနက်စာ ဘာစားချင်လဲလို့...မကြားဘူးလား"
"ကြားတယ်...အေးစေ မထူးချင်လို့ မထူးတာ"
"ဘာပြောတယ်...အေးစေငြိမ်း"
"ထပ်ပြောမယ်ဗျာ...သားဟာ သား မထူးချင်လို့ မထူးတာ"
"အေးစေငြိမ်း"
"ဟင့်"
ပြောရင်းပင် မျက်ရည်ပေါက်ကြီးငယ်ကျလာပြန်သော အေးစေကြောင့် သူ့မှာ အံ့သြရပြန်ပါသည်။
"ဘာလို့ငိုပြန်တာလဲ"
"ဦးဟန်က...အင့်...သား...ဟင့်...ကို"
*********
အေးစေ ဦးဟန်ကို ပြောနေရင်းနှင့်ပင် ၀မ်းနည်းလာရပြန်ပါသည်။
မနေ့က အေးစေ အမှတ်စာရင်းလေးပြောဖို့မေ့တာကို အေးစေ မညှပ်ချင်တဲ့ ဆံပင်တွေကို အပြစ်ပေးတယ်ဆိုပြီး ညှပ်ပစ်သည်။
အေးစေ ဒီဆံပင်တွေကို ကိုယ့်ဟာကိုယ် ဘယ်လောက် သဘောကျလဲဆိုတာ သိရဲ့သားနဲ့လေ...
VOUS LISEZ
ကိုယ့်ရဲ့ ရင်မှာ အေးစေ (Completed)
Roman d'amourအေးစေနဲ့အတူတူ အေးအေးငြိမ့်ငြိမ့်လေး စီးမြောလိုက်ရအောင်ဗျာ...