Part-28

1.5K 122 4
                                    

‌Unicode

မနက်ခင်းသည် နေရောင်အနည်းငယ် ဖြန့်ကျက်လာပြီဖြစ်ရာ လမ်းမထက်တွင် လမ်းလျှောက်သူများ၊ ပြေးသူများ၊ လေ့ကျင့်ခန်းလုပ်သူများ၊ စက်ဘီးစီးကြမည့်သူများ ဟိုတစ်စု၊ ဒီတစ်စုနှင့် ရှိနေကြသည်။

ထိုအထဲတွင် ပြေးသည်ဟုဆိုသော်လည်း လမ်းလျှောက်နေသကဲ့သို့ပင် ခပ်ဖြည်းဖြည်း ရွေ့နေသော ကောင်လေးတစ်ယောက်...

ပါးစပ်ကလေး ဟ,ကာဖြင့် အသက်ရှူပြီး ပြေးနေသည်မှာ ကုန်းပေါ်ရောက်နေသည့် ငါးကလေးအတိုင်း

ပြေးနေကျမဟုတ်၍ အမောမခံနိုင်မှန်း သိသာလွန်းလှသည်။

"ဦးဟန် သားကို ခဏလောက် စောင့်ပါဦး"

အေးစေ တော်တော်လေးကို မောနေပြီဖြစ်တာကြောင့် ရှေ့မှပြေးနေသော ဦးဟန်ဆီသို့ ပြောလိုက်သည်။

သို့ပေမယ့် ဦးဟန်က အေးစေကို အနည်းငယ်သာ လှည့်ကြည့်ပြီး ဂရုပင်မစိုက်...

ပြေးမြဲအတိုင်းသာ ဆက်ပြေးနေသည်။

အေးစေလည်း အရပ်ရှည်သည်ဆိုပေမယ့် ဦးဟန်ရဲ့ ခြေလှမ်းကျဲကျဲကြီးတွေကိုတော့ လိုက်မမီနိုင်ပါ။

ဦးဟန်နဲ့ အတူတူ လိုက်ပြေးနေတာ တစ်ပတ်လောက်ရှိနေပြီပေမယ့်လည်း အခုထိကို အေးစေက အမောမခံနိုင်သေး။

"ဦးဟန် သားကို စောင့်ပါဦးဆို"

အေးစေ ထပ်ပြောလိုက်မှ ဦးဟန်က ပြေးနေရာမှ အေးစေဆီသို့ ပြန်ပြီးလှည့်ကာ လျှောက်လာသည်။

အေးစေဆီသို့ လျှောက်လာသော ဦးဟန်က ပြေးထားတာကြောင့် မျက်နှာတွင် ချွေးအနည်းငယ်စို့နေသည်။

အားကစား၀တ်စုံ ၀တ်ထားတာကြောင့် ဦးဟန်ရဲ့ ကိုယ်ဟန်က ပေါ်လွင်နေပြီး မြင့်မားလှတဲ့ အရပ်က ထင်ရှားနေသည်။

‌မနက်ခင်းရဲ့ နေရောင်ခြည်အောက်ကနေ အေးစေဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာသည့် ဦးဟန်က အရမ်းကြည့်ကောင်းတာပဲ။

ဦးဟန်က အစကတည်းက အများကြီး ကြည့်ကောင်းပေမယ့် ဒီနေ့က ပိုပြီး အများကြီး ကြည့်ကောင်းနေပါသည်။

ကိုယ့်ရဲ့ ရင်မှာ အေးစေ (Completed)Donde viven las historias. Descúbrelo ahora