Unicode
"ဦးဟန် ဘယ်သွားမလို့လဲ"
အေးစေ ရေချိုး၊ ကျောင်းယူနီဖောင်းလဲပြီး လှေကားထစ်မှ ဆင်းလာ, လာချင်းပင် ၀တ်စုံအပြည့်နှင့် အပြင်သွားဟန်ပြင်နေသူ ဦးဟန်ကြောင့် မေးလိုက်ခြင်းပင်...
"ရုံးသွားမလို့"
"မနက်စာကရော ဦးဟန်"
"ကိုယ်က စားပြီးပြီ...အေးစေအတွက်က ထမင်းစားခန်းထဲမှာ အုပ်စောင်းနဲ့ အုပ်ထားတယ်...စားလိုက်"
"အေးစေလည်း လိုက်မှာ...မစားတော့ဘူး"
"ဘာလိုက်လုပ်မှာလဲ ကျောင်းသွားရမှာ မဟုတ်ဘူးလား"
"မသွားဘူး...ဦးဟန်နဲ့ပဲ လိုက်မှာ"
ဟုတ်ပါသည်။
အေးစေ ဦးဟန်ကို တမင်တကာ ပြောလိုက်ခြင်းပင်...အေးစေ ကျောင်းယူနီဖောင်း ၀တ်ထားသည်ကို မြင်ပါရက်နဲ့ ကျောင်းမသွားဘူးလားဟု မေးသည်။
ပြီးတော့ မနက်စာ အတူတူမစားဖြစ်ရင်တောင်မှ အေးစေ စားသည်ကို စောင့်ပြီးမှ အေးစေကို ဦးဟန်က ကျောင်းလိုက်ပို့နေကျ...
အခုတော့ ဦးဟန်က မနက်စာလည်း အတူမစားသည့်အပြင် အေးစေကိုပါ ကျောင်းလိုက်မပို့ဘဲ ထားခဲ့ဦးမည်။
အေးစေကို အတူလိုက်ခဲ့မလားပင် တစ်ခွန်း မမေးပါ။
ဦးဟန်အစား အေးစေပဲ အတိတ်မေ့သွားရင် ကောင်းမည်ထင်ပါသည်။
************
"နေ့ခင်း အေးစေတို့အတန်း စောဆင်းမှာ"
"ဟမ်"
"အေးစေတို့...ဘာမှမဟုတ်တော့ဘူး ဦးဟန်"
"ပြောမယ့်ကိစ္စ ပြောလေ အေးစေ"
"ဘာမှမဟုတ်ဘူး...အေးစေ သွားတော့မယ် ပြောမလို့"
"အင်း အင်း စောဆင်းရင် နေ့လည်ကျ ဘယ်လိုပြန်မလဲ"
"အေးစေဟာ အေးစေ ပြန်လိုက်မယ်"
"အင်း...အဲ့တာဆို ကိုယ်သွားပြီ"
မြင်ကွင်းထဲမှ တဖြည်းဖြည်းပျောက်ကွယ်သွားသော ကားကိုကြည့်နေသည့် ကောင်ငယ်လေးရဲ့ မျက်၀န်းတွေကတော့ မှိုင်းညှို့နေလျက်...
YOU ARE READING
ကိုယ့်ရဲ့ ရင်မှာ အေးစေ (Completed)
Romanceအေးစေနဲ့အတူတူ အေးအေးငြိမ့်ငြိမ့်လေး စီးမြောလိုက်ရအောင်ဗျာ...