Part-23

1.5K 125 12
                                    

Unicode

ခြံ၀န်းထဲရှိ သစ်ပင်အရိပ်များနှင့် အတန်ငယ်ဝေးသောနေရာကွက်လပ်တွင် တကုပ်ကုပ်နှင့် တစ်ခုခုကို လုပ်နေဟန်ရှိသော ကောင်လေးတစ်ယောက်...

အပေါ်ထပ်အပါးလေး ၀တ်ထားသည်ဖြစ်ရာ တစ်စွန်းတစ်စမျှမြင်နေရသော လက်ဖမိုးလေးတွေက နေပူဒဏ်ကြောင့် ဖြူရာမှ နီရဲနေသည်။

လက်ဖ၀ါးလေးတွေကတော့ မဲတူးညစ်ပေနေလျက်...

ထိုစဥ်ပင် ထိုညစ်ပတ်နေသော လက်များနှင့် မျက်နှာကို ကောက်သုတ်လိုက်ဟန်က ဖြစ်ကတတ်ဆန်း...

ထိုလက်များနှင့် သုတ်ပြီးသည့်အခါတွင်တော့ ညစ်ညစ်ပတ်ပတ် မျက်နှာကလေးက ပေါ်ထွက်လာသည်။

နေပူဒဏ်ကြောင့် မျက်နှာကလေးက နီနေသည့်အပြင် အစောက လက်အပေနှင့် သုတ်ထားတာကြောင့် မည်းတူးနေသေးသည်။

ဟုတ်ပါသည်...
အေးစေပင် ဖြစ်ပါသည်။

ဦးဟန်များ လာခေါ်လိမ့်မလားဟု အေးစေ မျှော်ရသည်မှာလည်း မောနေပြီဖြစ်ပါသည်။

ဦးဟန်က ဘာလို့ အေးစေကို လာမခေါ်သေးတာလဲ။

တကယ်ပဲ အေးစေကို စိတ်ကုန်နေပြီထင်ပါသည်။

မနက်က ဦးဟန်ကို ပြောမိသည့် အကြောင်းအရာများကိုတွေးကြည့်တော့ ဦးဟန်ရဲ့ အမှားတစ်ခုမှမပါဘဲ အေးစေရဲ့ အမှားများသာ...

ဦးဟန်ကို အေးစေ နောက်မလုပ်တော့ကြောင်း ပြောပြချင်မိပါသည်။

**********

ဦးဟန် အလုပ်တွေပြီးလို့ နာရီကြည့်လိုက်တော့ ၁ နာရီထိုးရန် ၁၅ မိနစ်သာ လိုတော့သည်။

အတော်လေး အာရုံစိုက်ထားရတာကြောင့် မျက်မှန်ကို ချွတ်ရင်း ဇက်ကိုအသာဖိလိုက်သည်။

ဒီနေ့ အေးစေတို့ တော်တော်လေး တိတ်နေတာပဲ...

ဦးဟန် အေးစေကို မတွေ့တာကြောင့် အောက်ထပ်တွင်ရှိသော အခန်းစုံအောင် ပတ်ကာရှာလိုက်သည်။

အပေါ်ထပ်မှာများလား...
အောက်ထပ်ရှိ အခန်းတိုင်းတွင် မတွေ့တာကြောင့် ဦးဟန် အပေါ်ထပ်ရှိ အခန်းများတွင် ရှာရန် စိတ်ကူးလိုက်သည်။

ကိုယ့်ရဲ့ ရင်မှာ အေးစေ (Completed)Où les histoires vivent. Découvrez maintenant