Part-21

1.5K 130 15
                                    

Unicode

ထင်ထင် ‌ဘေးမှကားမောင်းနေသူကို ကြည့်လိုက်၊ ပြောရကောင်းနိုး မပြောရကောင်းနိုး စဥ်းစားလိုက်နှင့် အလုပ်ရှုပ်နေပါသည်။

"မင်း ဘာဖြစ်နေတာလဲ"

"ဗျာ...ဟို"

"ပြောစရာရှိရင်ပြော...လူကို ကြည့်လိုက် ပြန်လှည့်လိုက်နဲ့ မျက်စိနောက်တယ်"

"ဟုတ် ကျနော်ကို ဟိုရှေ့နားရောက်ရင် ကားရပ်ပေးလို့ရမလားဗျ...ကျနော် ၀င်၀ယ်စရာလေးရှိလို့ပါ"

"ကျစ်"

ထင်ထင် ပြောပြီးပြီးချင်း ကျစ်တစ်ချက်သပ်လိုက်သူကြောင့် အားနာသွားရသည်။

ကိုယ့်ကို ကူညီနေတဲ့သူဆီက အခွင့်အရေးရရင် ရသလောက် ယူတတ်သည့်သူများနှင့် တူသွားပြီလားမသိ...

သို့ပေမယ့်လည်း ‌ရပ်ပေးမှဖြစ်မည်။
ထင်ထင် မေမေ့အတွက် ကြေးအိုးဆီချက်လေး ၀ယ်ရပါဦးမည်။

"ဟို အဆင်မပြေရင်လည်း ကျနော့်ကို အဲ့နားပဲ ချခဲ့ပေးပါဗျ...အဲ့နားကနေပဲ ဘတ်စ်ကားစီးသွားလည်း ရပါတယ်"

"ရပ်ပေးမယ် သွား၀ယ်"

"ဟုတ် ကျေးဇူးပါဗျ"

**********

ခန့်ထူးဟန် ကားထဲမှ တရွေ့ရွေ့ဆင်းသွားသူကို ကြည့်ရင်း အားမလို အားမရဖြစ်မိသည်။

စကားပြောလျှင် ကြောက်သလို၊ ရွံ့သလိုနှင့် ထိုတစ်ယောက်က ထူးဟန်မျက်လုံးထဲတွင် ဘယ်လိုမှ အဆင်‌ပြေမနေပါ။

ယောက်ျားလေးဖြစ်ပြီး အားနှင့် မာန်နှင့်မရှိဘူး။

ကလေးဖြစ်ပြီး တက်တက်ကြွကြွရှိနေရမှာကို
ထူးဟန် ထိုကောင်လေးကို စတွေ့ဖူးကတည်းက တမှိုင်မှိုင် တတွေတွေနှင့်သာ ဖြစ်သည်။

"ကားရပ်ပေးလို့ရော စောင့်နေပေးလို့ရော ကျေးဇူးပါဗျ"

"မြန်မြန်၀င်"

"ဟုတ်"

"ဒါက အကိုခန့်ထူးဟန်အတွက်ပါဗျ"

ထူးဟန်ဆီသို့ ကမ်းပေးလာသော လက်ထဲမှအရာကို ကြည့်မိတော့ တွန်းလှည်းတွေနှငိ့ ရောင်းတတ်သည့်ဆိုင်များမှ ကြက်တောင်ပံကင်နှစ်ချောင်း...

ကိုယ့်ရဲ့ ရင်မှာ အေးစေ (Completed)Where stories live. Discover now