Part-26

1.5K 121 12
                                    

Unicode

ပိုးသတ်ဆေးနံ့များနှင့် ပျံ့နှံ့နေသော အခန်းတစ်ခု...

ဆေးရုံတို့ရဲ့ ထုံးစံအတိုင်း တစ်ခန်းလုံးက အဖြူရောင်ကြွေပြားတွေ ကပ်ထား၊ ခင်းထားပြီး အထဲတွင် ကုတင်တစ်လုံးရှိနေသည်။

ထိုကုတင်ပေါ်တွင်တော့ လဲလျောင်းနေသော ကောင်ငယ်လေးတစ်ယောက်...

လက်တွင် ဆေးပုလင်းတစ်လုံးချိတ်ပေးထားကာ အသားအရေများက ဖြူဖျော့ကာ အားမရှိသယောင်...

ဘေးရှိ လူနာစောင့်သော ခုံတွင်တော့ ပုံမှန်ဆိုလျှင် အေးချမ်းနေဟန် မျက်နှာပေါက်ရှိသော အမျိုးသမီးကြီးတစ်ယောက် ထိုင်နေပြီး ယခုအခါတွင်တော့ သားဇောကြောင့် ပူပန်နေရပုံပေါ်နေသည်။

ပါးစပ်မှလည်း ဘုရားစာတဖွဖွရွတ်ကာ သူမသားလေး၏ ပွန်းရာခြစ်ရာလေးတွေ အနည်းငယ်ရှိနေသော လက်ကလေးများကို နွေးအောင် လက်ဖြင့် ဆုပ်နယ်ပေးနေသည်။ 

ထိုစဥ်မှာပင် အခန်းအတွင်းသို့ ၀င်လာသော အမျိုးသားကြီးတစ်ယောက်...

"ဖေကြီး...သား ခန့်ဦးဟန်ရော အဆင်ပြေရဲ့လား"

"သတိမရသေးဘူး မေကြီး"

စကားသံအဆုံး သူမလည်း သက်ပြင်းအသာချလိုက်ကာ သားငယ်လေးရဲ့ မျက်နှာလေးကိုသာ ငေးကြည့်လိုက်သည်။

သူမရဲ့ သားငယ်လေးက နေမကောင်းဖြစ်ဖူးပေမယ့် ဒီလောက် ဆိုးဆိုးရွားရွားကြီးတော့ မဖြစ်ဖူးခဲ့ပါ။

သားငယ်လေးတို့ သတင်းကို ကြားလျှင်ကြားချင်း သားငယ်လေးတို့ရှိနေရာမြို့ဆီ အမြန်ဆုံးလိုက်လာခဲ့သည်။

ရောက်, ရောက်ချင်းပင် သားငယ်လေး၏ ဖြူဖျော့ကာ မလှုပ်မယှက်ကလေး ရှိနေသော မျက်နှာကလေးက သူမရင်ကို ကွဲစေပြန်သည်။

ကံကောင်းသည်က သားငယ်ကလေးကို သား ခန့်ဦးဟန်က ကာကွယ်ပေးသွားသည်ဖြစ်၍ အရမ်းတော့ မထိခိုက်သွားခဲ့ပါ။

ပြုတ်ကျသည့် ကမ်းပါးကလည်း အရမ်းမမြင့်သည်ဖြစ်၍ သား ခန့်ဦးဟန်ရော၊ သားငယ်လေးရော နှစ်ယောက်လုံး ခံသာသွားခြင်းပင်။

ကိုယ့်ရဲ့ ရင်မှာ အေးစေ (Completed)Where stories live. Discover now