Part-13

2.1K 149 3
                                    

Unicode

"ဦးဟန်...ဦးဟန်"

ဦးဟန် အေးစေနိုးလာသည်နှင့် စားဖို့အဆင်သင့်ဖြစ်နေစေရန် ပဲပေါင်းပန်းကန်ကို ပြင်နေစဥ် တကြော်ကြော်ခေါ်ကာနေသူက ဘယ်လောက်အမြန်နှုန်းနဲ့ ပြေးဆင်းလာသည်မသိ...

‌တ၀ုန်း၀ုန်းနှင့် ‌ခြေသံက အမြန်ပြေးလာနေသည်မှန်း သိသာစွာ...

"ကိုယ် ဒီမှာ အေးစေ...ဘာဖြစ်လို့လဲ"

‌နေမကောင်းတာကို အငြိမ်လေးမနေဘဲ အသည်းအသန်ခေါ်နေသူကို စိတ်ပူတာကြောင့် ဦးဟန် အသံပေးရင်း ထမင်းစားခန်းထဲမှ အမြန်ထွက်လိုက်သည်။

"အေးစေ"

"အင့်"

ထမင်းစားခန်းထဲမှ ထွက်လျှင်ထွက်ချင်း ရင်ခွင်ထဲသို့ အတင်းပြေး၀င်လာသူက ဦးဟန်ရင်ဘက်နှင့် တိုက်မိပြီး အင့်ခနဲတောင် အသံလေးထွက်သည်။

"ဘာဖြစ်လို့လဲ အေးစေရဲ့"

"ဟင့်အင်း"

ဦးဟန်မေးလိုက်တော့ ရင်ဘက်ကို ခေါင်းအပ်လျက်သားလေး ဖြေလာသည်။

ဦးဟန်၏ခါးကို ဖက်တွယ်ထားသည့် လက်ကလေးများမှာလည်း တင်းကြပ်စွာ...

"ခေါင်းမော့ဦးလေ အေးစေရဲ့"

ဦးဟန်ပြောလိုက်တော့ ခါးမှဖက်ထားသည့် လက်ကလေးများက ပိုမိုတင်းကြပ်လာပြီး အပေါ်စီးမှ မြင်နေရသော ဦးဟန် ရင်ဘက်ကိုကပ်ထားသည့် ခေါင်းလုံးလုံးလေးကသာ တွင်တွင်ခါနေသည်။

ဦးဟန် မြင်လိုသည့် မျက်နှာလေးကတော့ ပေါ်မလာ...

ရင်ခွင်အတွင်းမှ ခန္ဓာကိုယ်လေးက တသိမ့်သိမ့်တုန်လာသည့်အပြင် ဦးဟန်အင်္ကျီရင်ဘက်ဆီမှ ခပ်စိုစို အထိအတွေ့ကြောင့် စိတ်ပူရပြန်ပါသည်။

"အေးစေရယ်...ဘာဖြစ်လို့လဲ ကိုယ်စိတ်ပူလာပြီကွာ"

"ဟင့်အင်း"

"ညက ကိုယ့်ကြောင့်လား"

"အင့်"

"ကိုယ့်ကြောင့်ဆိုရင် ကိုယ်တကယ်ကို တောင်းပန်ပါတယ်ကွာ...ကိုယ့်ကိုစိတ်ပူအောင် မလုပ်နဲ့လေ"

"ဟင့်အင်း...အင့်...အဲ့တာကြောင့်...ဟင့်...မဟုတ်ဘူး"

"မဟုတ်ရင် ကိုယ့်ကို ပြောလေ...ကိုယ် တကယ် စိတ်ပူနေပြီကွာ"

ကိုယ့်ရဲ့ ရင်မှာ အေးစေ (Completed)Where stories live. Discover now