Part-15

1.8K 120 4
                                    

Unicode

အခန်းတစ်ခုအတွင်းရှိ မွေ့ယာပေါ်မှ ကောင်ငယ်လေးတစ်ယောက်...

လုပ်နေကျအတိုင်း မျက်လုံးမပွင့်သေးဘဲ စောင်ထဲမှ လက်ကလေးတစ်ဖက်ထွက်ကာ ဘေးရှိတစ်စုံတစ်ယောက်ကိုရှာဟန်ဖြင့် စမ်းနေပြန်သည်။

ရှာနေသည့်သူကို မစမ်းမိသောအခါတွင်တော့ နှာခေါင်းကလေးရှုံ့ကာ မျက်မှောင်ကလေး ကြုံ့သွားသည်။

"ဦးဟန်"

အေးစေ မနက်နိုးနိုးချင်း ဦးဟန်ကို ရှာမတွေ့တာကြောင့် အော်ခေါ်လိုက်သည်။

မျက်လုံးကတော့ ဖွင့်လို့မရသေးတာကြောင့် အေးစေ မဖွင့်မိသေးပါ။

"ကိုယ် ဒီမှာ‌ အေးစေရဲ့"

အသံနှင့်အတူ အေးစေ ပါးပေါ်သို့ ရောက်လာသည့် ခပ်အေးအေးနှုတ်ခမ်းတစ်စုံကြောင့် အေးစေ လန့်သွားရသည်။

"အာ့ အေးတယ် ဦးဟန်"

"အေးလို့လား...မအေးပါဘူး အေးစေရဲ့"

ပြောရင်းနှင့်ပင် အေးစေရဲ့ အင်္ကျီအောက်ကို ရောက်လာတဲ့ လက်အေးအေးကြီးကြောင့် အေးစေ အော်မိသည်။

"ဦးဟန် အေးတယ်လို့"

အေးစေ အော်နေပေမယ့် ဦးဟန်ရဲ့ ကျီစယ်နေမှုက ရပ်မသွားခဲ့ပါ။

အေးစေ ရုန်းရင်းကန်ရင်းနှင့်ပင် နောက်ဆုံးမှာတော့ ဦးဟန်ကို အရှုံးပေးကာ မဖွင့်ချင်သေးသောမျက်လုံးတို့ကို ကြိုးစားဖွင့်လိုက်ရပါတော့သည်။

**********

"အဟင်း"

ဦးဟန် မွေ့ယာပေါ်တွင် စူပုပ်ပုပ်ကလေးဖြင့်ထိုင်နေသော အေးစေကို ကြည့်ရင်း အသာရယ်မိသည်။

အစကတော့ အေးစေကို အိပ်ရေး၀အောင်လို့ မနှိုးဘဲ ကုမ္ပဏီသွားရမယ့်အကြောင်း စာလေးပဲချန်ပြီး ထားသွားမလို့ပေမယ့် မျက်လုံးမဖွင့်ဘဲ အော်ခေါ်နေသည့် အဆိုးလေးကိုတွေ့တော့ ဦးဟန်အတွေးတို့ ပြောင်းသွားခဲ့ရသည်။

ဦးဟန်ကို အော်ခေါ်ရင်း မျက်မှောင်ကလေး ကြုံ့ထားသည့် အေးစေက မျက်နှာမသစ်ရသေးလို့ ငညစ်ပတ်ကလေးဖြစ်နေပေမယ့်
ဦးဟန်အမြင်‌တွင်တော့ ရက်သားအရွယ် ငှက်ပေါက်ကလေးတွေ မျက်လုံးမဖွင့်နိုင်သေးချိန် အာနီကလေးတွေနှင့်အော်ကာ ငှက်အမေကြီးဆီက အစာတောင်းနေဟန်လေးတွေနှင့်တောင် ဆင်တူနေသေးသည်။

ကိုယ့်ရဲ့ ရင်မှာ အေးစေ (Completed)Место, где живут истории. Откройте их для себя