Part-11

2.1K 143 7
                                    

Unicode

အချိန်ကား နံနက် ၄ နာရီခန့်...

တွန့်ကြေလျက်ရှိသော မွေ့ယာထက်ရှိ လူသားနှစ်ယောက်မှာ ပူးကပ်စွာ ရှိနေကြသည်။

ခန္ဓာကိုယ် အနည်းငယ်ပိုသေးသော အေးစေအား စောင်တွေနှင့်ပတ်ကာထုပ်ပြီး ဦးဟန်ရင်ခွင်ထဲ ထည့်ပွေ့ထားတာကြောင့် ရုတ်တရက်ကြည့်လျှင် အေးစေကို မတွေ့နိုင်။

စောင်တွေကြားထဲ မျက်နှာလေးသာ ဖော်ကာထားသော ကောင်ငယ်လေးက ဦးဟန်၏ ရင်ခွင်ကြားတွင် မြုပ်နေ‌သည်။

"ဦးဟန်...သား...နာ...ဟင့်"

"ဟင်း...နာတယ်"

ဦးဟန် မှေးခနဲအိပ်ပျော်သွားစဥ် ငြီးသံလိုမျိုးကြားတာကြောင့် နိုးလာခဲ့သည်။

ထို့ကြောင့် ရင်ခွင်ထဲမှ စောင်ထုပ်ကလေးဖြစ်နေသော အေးစေရဲ့ နဖူးလေးကို အသာစမ်းကြည့်လိုက်သည်။

*ဟာကွာ...အေးစေ ကိုယ်ပူနေပြီ*

ဦးဟန် တစ်ကိုယ်တည်း ရေရွတ်လိုက်ခြင်း။

ညက အေးစေရဲ့ ပထမဆုံးဖြစ်တာကြောင့် သူငြင်ငြင်သာသာ ဆက်ဆံခဲ့ပေမယ့် အေးစေကို သူ စိတ်မပါဘဲ အတင်းအကြပ်တော့ ဆက်ဆံစေမိသွားသည်။

သူ ညက အေးစေငြင်းနေတာကို သိပေမယ့်လည်း ဘာတစ်ခုခုကြောင့်မှ ခြေလျှော်လက်လျှော် အဆုံးရှုံးမခံနိုင်တာကြောင့် ခန္ဓာကိုယ်ချင်း ရင်းနှီးစေခဲ့ခြင်းဖြစ်သည်။

တကယ်တမ်း ‌ဒီလိုကိစ္စကြုံလာခဲ့ရင်လို့တွေးပြီး သူ အေးစေနာကျင်မှာစိုးတာကြောင့် စာအုပ်တွေ သေချာဖတ်ပြီး လေ့လာခဲ့သည်။

ထို့ကြောင့်လည်း ညက အေးစေကို အငြင်သာဆုံး ဆက်ဆံခဲ့ပြီး ပြီးသောအခါတွင်လည်း ပင်ပန်းပြီး အိပ်ပျော်သွားသော အေးစေကို သန့်ရှင်းပေးကာ နွေးနွေးထွေးထွေးထားခဲ့သည်။

မတော်လို့များ ဒီလိုမျိုး အေးစေ ကိုယ်နွေးလာခဲ့ရင် တန်းသိရအောင် မအိပ်ဘဲ အေးစေကိုဖက်ကာ လှဲနေပေမယ့် ဦးဟန် ဘယ်အချိန်က အိပ်ပျော်သွားမိလဲ မသိခဲ့...

ဦးဟန် ကိုယ့်ကိုယ်ကိုသာ အပြစ်တင်လိုက်သည်။

ကိုယ်နွေးနေတဲ့ အေးစေကို ရေပက်၀တ်တိုက်ပေးရန် ရေဇလုံနှင့် ရေ၀တ်ကိုယူကာ နွေးအောင်ထပ်ထားပေး‌သော စောင်ကိုဖယ်လိုက်သည်။

ကိုယ့်ရဲ့ ရင်မှာ အေးစေ (Completed)Tempat cerita menjadi hidup. Temukan sekarang