Part-31

1.6K 127 22
                                    

Unicode

အေးစေ ဒီနေ့လည်း အတန်းချိန်ပြီးတာနှင့် ဦးဟန်ရဲ့ ရုံးသို့ လိုက်လာခဲ့သည်။

တကယ်တော့ အေးစေရဲ့အကျင့်အမှန်က အိမ်တွင်သာ နေရသည်ကို ပိုပြီးသဘောကျတတ်သည့်သူမျိုး...

တခြားသူတွေကြည့်ရင်သာ အေးစေက ပေါင်းသင်းဆက်ဆံ‌ရေးကောင်းပုံပေါက်ပေမယ့် တကယ်တော့ အေးစေက လူများတာ၊ လူရှုပ်တာမျိုးကိုမကြိုက်...

အဲ့တာကြောင့် ဦးဟန်ရဲ့ ရုံးကို လိုက်လာရင်တောင် ဦးဟန်ရဲ့ ရုံးခန်းထဲမှာသာ အများဆုံးနေလေ့ရှိပြီး တခြားနေရာများကို သိပ်မသွားတတ်...

ပြီးတော့ လိုက်လာပြန်လျှင်လည်း အေးစေက ခဏလေးနှင့် အိမ်ပြန်မည် ပြောတတ်သူမျိုး...

ထို့ကြောင့် အရင်ကဆို ဦးဟန်က အေးစေကို တော်ရုံနှင့် ရုံးသို့ မခေါ်တတ်...

အခုတော့ ဦးဟန် အေးစေနှင့် အနေဝေးနေလျှင်များ စိမ်းသွားလိမ့်မလားဟု စိုးရိမ်၍ ဦးဟန်ဘယ်သွားသွား အေးစေမှာ လိုက်နေမိသည်။

အမြဲတမ်း အေးစေကို တွေ့နေရရင် ဦးဟန် တစ်ခုခုများ သတိရလာလိမ့်မလားဟု တွေးမိိသည်လည်း ပါ, ပါသည်။

************

အရင်ကဆို ဦးဟန်ရဲ့ ရုံးခန်းသို့ လိုက်လာဖြစ်လျှင် အေးစေက ဂိမ်းဆော့လျှင်ဆော့ မဟုတ်ရင် ဦးဟန်၀ယ်ပေးထားသည့် မုန့်တွေကို စားလေ့ရှိသည်။

အခုတော့ အေးစေမှာ ဂိမ်းလည်းမဆော့ဖြစ်တော့သလို မုန့်လည်းမစားဖြစ်တော့ပါ။

နီးလျက်နှင့် ဝေးနေသလို ဖြစ်နေသည့် ဦးဟန်ကိုသာ ဘယ်လို အေးစေကို မှတ်မိအောင်လုပ်ရမလဲ တွေးရင်းဖြင့် အချိန်တိုင်းပူပန်နေရပါသည်။

အေးစေ ရောက်နေသည်မှာ နှစ်နာရီခန့်ရှိနေပြီဖြစ်သော်လည်း ဦးဟန်က အလုပ်လုပ်နေသည်မှာ အေးစေကို တစ်ချက်ပင်မကြည့်...

အေးစေကို ကျောင်းမှာ လာကြိုပြီးသည့်နောက် ရောက်ခါစကပဲ တစ်ချက်ကြည့်ကာ ထိုင်နေဖို့ ပြောပြီးသည်နှင့် laptop မှ အကြည့်မလွှဲတော့...

လုပ်နေသည့်အလုပ်ကိုသာ တစ်စိုက်မတ်မတ် စိတ်၀င်တစားလုပ်နေသည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ယောက်ဖြစ်သည့် ဦးဟန်က အများကြီး ကြည့်ကောင်းလွန်းသည်။

ကိုယ့်ရဲ့ ရင်မှာ အေးစေ (Completed)Where stories live. Discover now