Unicode
ရေချိုးခန်းအတွင်းရှိ မှန်ရှေ့တွင် ရပ်နေသောကောင်လေးတစ်ယောက်...
အေးစေ မှန်ထဲမှာ မြင်နေရသည့် ကိုယ့်ပုံကိုယ် ကြည့်မိသည်။
လည်ပင်းထက်မှ နီရဲနေသော ဦးဟန်ပေးထားသည့် အမှတ်အသားများကို ကြည့်ပြီး ငိုင်နေမိသည်။
အေးစေကို ဦးဟန်က အများကြီး ချစ်မှန်း အေးစေ သိပါသည်။
အေးစေကိုယ်တိုင်လည်း တစ်နေ့နေ့ ဒီလိုကိစ္စမျိုး ရင်ဆိုင်ရလိမ့်မည်ဟု တွေးထားပြီးသားပင်...
သို့ပေမယ့်လည်း အေးစေ တွေးထားသည့် ပုံစံက ဒီနေ့လိုမျိုးတော့ မဟုတ်ခဲ့ပါ။
အေးစေလည်း ဦးဟန်ကိုအများကြီး ချစ်ပေမယ့် ဒီနေ့လို အတင်းအကြပ်လုပ်တတ်သည့် ဦးဟန်ကိုတော့ ကြောက်ပါသည်။
အေးစေ ကြောက်တတ်မှန်းလည်း ဦးဟန်သိရဲ့သားနဲ့ အေးစေကို ဘာကြောင့်များ အတင်းအကြပ် ဆက်ဆံရလဲဟု ဦးဟန်ကို မေးလိုက်ချင်ပါသည်။
ဖြည်းဖြည်းချင်း ပြန်တွေးရင်း ၀မ်းနည်းလာမိပြန်တာကြောင့် အေးစေအသံမထွက်စေရန် ကြိတ်ကာငိုလိုက်သည်။
ဦးဟန်ကြားသွားရင်လည်း စိတ်မကောင်းဖြစ်သွားမှာကို အေးစေ စိုးရိမ်ပါသည်။
***********
"အေးစေ...ကြာနေပြီနော်"
"..."
"ကိုယ့်ကို စိတ်ဆိုးနေတာမလား...ဒါပေမယ့် အသံလေးတော့ ပြန်ပေးလေ...ကိုယ် တောင်းပန်ပါတယ် အေးစေရယ်"
"..."
ဦးဟန် ရေချိုးခန်းတံခါးရှေ့တွင် အေးစေ အ၀တ်အစားလဲနေသည်ကို ရပ်ကာစောင့်နေသည်မှာ ၁၅ မိနစ်ခန့်ကြာနေပြီဖြစ်သည်။
တကယ်တော့ ဦးဟန် အေးစေတစ်ယောက်တည်း ရေချိုးခန်းထဲ ကြာနေတာကို အတော်လေး စိတ်ပူနေပါသည်။
ညတုန်းကတော့ ဦးဟန် ကိုယ့်အပူနဲ့ကိုယ်မို့ အေးစေဘက်ကို မစဥ်းစားမိဘဲ အေးစေကို ဆုံးရှုံးရမှာကြောက်သည့် စိတ်တစ်ခုတည်းနဲ့သာ အဆုံးထိ သွားခဲ့မိသည်။
အခုပြန်တွေးကြည့်တော့ သူ့ဘက်ကသာ အကုန်လုံး မှားခဲ့ခြင်းပင်။
YOU ARE READING
ကိုယ့်ရဲ့ ရင်မှာ အေးစေ (Completed)
Romanceအေးစေနဲ့အတူတူ အေးအေးငြိမ့်ငြိမ့်လေး စီးမြောလိုက်ရအောင်ဗျာ...