Part-35

1.6K 134 13
                                    

Unicode

အေးစေ ဘုရားပန်းအိုးအကွဲတွေကို သေချာပြန်သိမ်းရင်း ပါးစပ်ကလည်း ရသမျှ ဘုရားစာတွေကို ရွတ်နေလိုက်သည်။

အေးစေ အနေနှင့် ခေတ်လူငယ်တစ်ယောက်ဖြစ်တာကြောင့် တချို့သော အကြောင်းအရာတွေကိုတော့ အ‌ရမ်းယုံကြည်တာမျိုး မရှိပေမယ့် ဘုရားပန်းအိုးကွဲသွားသည့်အပေါ်ကိုတော့ စိတ်ကထင့်နေပါသည်။

ကုသိုလ်ကောင်းမှုလုပ်နေခြင်း ဖြစ်သောကြောင့် တချို့ပြောတတ်ကြသလိုမျိုး ဆိုးရွားတာမျိုးတော့ မဖြစ်နိုင်လောက်ပါ။

အေးစေ ဘုရားခန်းထဲရှိ ဗီရိုထဲမှ ဘုရားပန်းအိုး အသစ်များကိုထုတ်ကာ ဘုရားပန်းဆက်လဲပြီး ဘုရားတွင် ကပ်လှူရန်ပြင်လိုက်သည်။

အေးစေ ထိခြင်းငါးပါးနှင့် ဘုရားရှိခိုးပြီးသည်နှင့် အမျှပေးဝေကာ နေ့လည်စာ ချက်ထားရန်ပြင်လိုက်သည်။

ဟိုမတော်တဆဖြစ်ပြီးခါမှ ဦးဟန်ကို အေးစေရဲ့ လက်ရာ အခုထိ ပြန်ချက်မကျွေးရသေး...

"အေးစေ"

"ဟင် ဦးဟန်လား"

ဘုရားဆွမ်းတော် စွန့်နေစဥ် ကြားလိုက်ရသော ဦးဟန်၏ ခေါ်သံက ဘေးမှခေါ်နေသည့်အတိုင်း...

အေးစေဘေးဘီ တံခါးပေါက်၀တွေကို ကြည့်ပေမယ့်လည်း မည်သူ့ကိုမျှမတွေ့....

အေးစေလည်း ဦးဟန်ကို သဘောကျရလွန်းလို့ ဦးဟန်အသံကိုတောင် ကြားယောင်တတ်နေပြီ ထင်သည်။

**********

ထိုစဥ်မှာပင် ရုတ်တရက် ၀င်လာသော ဖုန်းမြည်သံ...

မနက်စောစောစီးစီး မေမေတို့ ဆက်သည်လားမသိ။

အေးစေ ဒီပိတ်ရက်တွေမှာ မေမေတို့ဆီ မပြန်ဖြစ်တာတောင် ကြာနေပြီဖြစ်သည်။

ဦးဟန် ပြန်လာရင်တော့ တိုင်ပင်ပြီး မေမေတို့ဆီ သွားရန် စီစဥ်လိုက်ပါဦးမည်။

အေးစေ ဖုန်းကိုကြည့်လိုက်တော့ ဦးဟန်ရဲ့ ဖုန်းနံပါတ်...

ဦးဟန် ဘာများကျန်ခဲ့လို့လဲ မသိ...
အေးစေကို တစ်ခုခုရှာခိုင်းထားပြီး ပြန်လာယူမလို့ ထင်ပါရဲ့။

ကိုယ့်ရဲ့ ရင်မှာ အေးစေ (Completed)Where stories live. Discover now