Part-18

1.6K 112 4
                                    

Unicode

"ဦးဟန် အေးစေ ပြီးပြီ"

စောစောစီးစီး အသံဆာဆာကလေးကြောင့် ဦးဟန် ပြုံးလိုက်မိသည်။

"အင်း ပြီးရင် သွားကြမယ်"

ဘေးတွင် ခပ်ပြုံးပြုံးကလေးနှင့် ပါလာသော အေးစေကိုကြည့်ကာ ဦးဟန်ပါ အပျော်တွေ ကူးစက်သွားသယောင် ခံစားရသည်။

"အဲ့လောက်တောင် ပျော်နေတာလား...ဟမ်"

"ဟုတ် "

"ဟုတ်ပါပြီဗျာ"

ဒီနေ့ အေးစေတို့ မိဘတွေအိမ်ကို သွားလည်ကြမှာဖြစ်တာကြောင့် အေးစေ မျက်နှာလေးက ခပ်ရွှင်ရွှင်ကလေး ဖြစ်နေသည်။

ဒီလိုလေးဖြစ်လာလို့ တော်သေးတာပေါ့...

ဦးဟန်စိတ်ထဲ ထင်နေ၍လားမသိ...
အခုတလော အေးစေက တိတ်တိတ်လေး ဖြစ်နေသယောင် ထင်ရသည်။

ဦးဟန်အနေနှင့် ကလေးဆန်တတ်သည့် အေးစေကို တည်တည်ငြိမ်ငြိမ်နှင့် ရင့်ကျက်သွားစေချင်ခဲ့ပေမယ့်လည်း ယခုကဲ့သို့ တိတ်ဆိတ်သွားသည့်အခါပြန်တော့ အေးစေကို မတည်ငြိမ်စေချင်တော့ပါ။

ယခင်လို တက်တက်ကြွကြွကလေး အေးစေသာ ဖြစ်စေချင်ပါသည်။

**********

ကားမောင်းနေရင်း ဖုန်း၀င်လာတာကြောင့် ဦးဟန် ကားကို လမ်းဘေးခဏ ချရပ်ကာ ကိုင်လိုက်သည်။

"ဟုတ် ပြောပါ"

"..."

"ဟုတ် ကျနော် အခု ခနနေရင် လာခဲ့မယ်...
ခနစောင့်ခိုင်းလိုက်ပါ"

ဖုန်းကျသွားပြီးနောက် ဦးဟန် သက်ပြင်း အသာချလိုက်သည်။

အေးစေကို ကြည့်လိုက်တော့ မျက်လုံးတောက်တောက်လေးတွေက ဘေးသို့ လွှဲသွားသည်။

"အေးစေ...ကိုယ် အ‌ရေးကြီးကိစ္စပေါ်လာလို့ ရုံးကို ခဏလောက်သွားရဦးမယ်...အေးစေကို ကိုယ်၀င်ပို့ပေးခဲ့မယ်‌လေ..."

"ဟုတ်...ရတယ်လေ ဦးဟန်"

"ဦးဟန် မအားရင် အေးစေကိုပို့ပြီး မနက်ဖြန်မှဖြစ်ဖြစ် ပြန်လာခေါ်လည်း ရပါတယ်"

"မနက်ဖြန်မှ‌ လာခေါ်စရာလား အေးစေရဲ့...တစ်ညလေးတောင် ကိုယ့်အေးစေနဲ့ ကိုယ်က မခွဲနိုင်ပါဘူး"

ကိုယ့်ရဲ့ ရင်မှာ အေးစေ (Completed)Where stories live. Discover now