Part-24

1.5K 121 5
                                    

Unicode

နံနက် ၅ နာရီခန့်...
ပတ်၀န်းကျင်တွင် အမှောင်ထုက ကြီးစိုးနေဆဲဖြစ်ပြီး အလင်းရောင်မှာ ရှိသည်ဆိုရုံမျှသာ ရှိသေးသည်။

"အေးစေ ထတော့လေ"

ဦးဟန် နှိုးနေပေမယ့်လည်း ကုတင်ပေါ်မှကောင်လေးမှာ လှုပ်ပင်မလာသေး...

"အေးစေ မထသေးဘူးလား"

ဦးဟန် ပြောရင်းနှင့် အေးစေရဲ့ ဆံပင်လေးတွေကိုပါ အသာ သပ်ပေးလိုက်သည်။

"အင့်ဟင့်...အစောကြီးပဲ"

မျက်လုံးမဖွင့်ဘဲ မျက်မှောင်ကလေး ကြုံ့ကာဖြင့် ပြောလာသော အေးစေက တကယ့်ကလေးလေးသဖွယ်...

"၅ နာရီထိုးနေပြီ အေးစေရဲ့"

"ခဏထလိုက်နော်...ပြင်ဆင်ပြီး ကားပေါ်ရောက်ရင်ပြန်အိပ်"

"ဟင့်အင်း... မျက်လုံးဖွင့်လိုက်ရင် ပြန်အိပ်လို့ မရတော့ဘူး"

"အဲ့တာဆို ကိုယ်က ထားခဲ့လိုက်တော့မှာ"

"အင်း ထားခဲ့"

ဒီလို ပြောနေပုံအရ အေးစေတို့ အအိပ်မက်ပြီး ဒီနေ့ ဦးဟန်တို့ ကုမ္ပဏီက ၀န်ထမ်းတွေကိုလိုက်ပို့မည့် trip ကို မေ့နေပုံပေါ်သည်။

ဦးဟန်က ၀န်ထမ်းတွေကို နားရက်အနေနှင့် တောင်ခရီး Hiking trip စီစဥ်ပေးပြီး ကုမ္ပဏီကိုပါ ပိတ်ပေးထားတာကြောင့် နားရက်ကို အိမ်မှာပဲ အေးစေနှင့် အေးချမ်းစွာ ကုန်ဆုံးမည်ဟု တွေးထားပေမယ့် အေးစေတို့က မဟုတ်...
သူပါ လိုက်ချင်ပါသည်တဲ့။

ဦးဟန် တားနေသည့်ကြားက မရမက လိုက်ရန်ပြင်နေသော အေးစေကြောင့် နောက်ဆုံးမှာ ဦးဟန်ကပဲ အလိုလိုက်ပြီး လိုက်ခွင့်ပြုလိုက်ရသည်။

အခုတော့ အအိပ်မက်ကလေး အေးစေတို့ ကိုယ်တိုင်ခွင့်တောင်းထားပြီး ကိုယ်တိုင်ပဲ မေ့နေဟန်တူပါသည်။

"အင်း အင်း အဲ့တာဆို ကိုယ်တို့ Hiking trip ကို မလိုက်တော့ဘူးနော်"

"ဟုတ်...
ဟင် Hiking trip...သားလိုက်မှာလေ...
ဘယ်နှစ်နာရီထိုးပြီလဲ"

"၅ နာရီ"

"‌နောက်ကျနေပြီ...ဦးဟန်က သားကို စောစောမနှိုးဘူး"

ကိုယ့်ရဲ့ ရင်မှာ အေးစေ (Completed)Donde viven las historias. Descúbrelo ahora