Part-7

2.2K 152 3
                                    

Unicode

အေးစေ ကားမောင်းနေသော ဦးဟန်ကို ‌မျက်လုံးထောင့်ကလေးကပ်ကာ လှမ်းကြည့်လိုက်သည်။

နှုတ်ခမ်းများကို ခပ်တင်းတင်းစေ့ကာ မျက်မှောင်ကြုံ့ထားသောကြောင့် ဦးဟန်မပြောလည်း တစ်ခုခုဖြစ်နေမှန်းတော့ အေးစေသိပါသည်။

ဖြစ်နိုင်ရင် အေးစေအနေနှင့် ဦးဟန်၏ ပြဿနာများကို ကူညီကာ ဖြေရှင်းပေးချင်ပါသည်။

သို့သော်လည်း ကျောင်းပင်မပြီးသေးသော အေးစေက ဦးဟန်ကို ၀င်ကူနိုင်ဖို့နေနေသာသာ ဦးဟန်တို့ လုပ်နေသမျှကို ဘာမှ နားမလည်ခဲ့။

မနက်ကတည်းက ဦးဟန်ဆီသို့ ဖုန်းများအဆက်မပြတ်၀င်နေပြီး တစ်ခုခုပြဿနာဖြစ်နေကြမှန်းတော့ အေးစေရိပ်မိပါသည်။

တကယ်တော့ ဦးဟန်က အေးစေ တက်နေတဲ့ Aim University ရဲ့ တည်ထောင်သူဖြစ်သည်။

ဦးဟန်က နိုင်ငံခြားတွင် ဘွဲ့လွန်သွားတက်ကာ ဒီကိုပြန်လာပြီးသည့်နောက်တွင် ပထမဦးစွာ သူငယ်ချင်းတွေနှင့်အတူ ပညာရေးနှင့် သက်ဆိုင်သည့် စပ်တူစီးပွားရေးလုပ်ငန်းများကို လုပ်ခဲ့သည်။

နောက်မှ အေးစေတက်နေသည့် ကျောင်းကို ခွဲထွက်ကာ ဦးစီးလိုက်ခြင်းဖြစ်သည်။

စစချင်း တည်ထောင်တုန်းက အေးစေတက်နေသည့် ကျောင်း တစ်ခုတည်းသာဖြစ်ပေမယ့် ယခုအခါတွင်တော့ ဦးဟန်ဦးစီးနေသော အခြားကျောင်းများလည်း ရှိနေပြီဖြစ်သည်။

ဒါတွေက အေးစေသိနေခြင်းမဟုတ်...
မေမေတို့က ပြောတာကြားဖူး၍ ဖြစ်သည်။

**********

"အေးစေ...ညနေ ကိုယ်လာကြိုတာ နောက်ကျနေရင် ခနစောင့်နော်...ကြားလား"

"ဟုတ်"

"တကယ်လို့ ကိုယ်မလာဖြစ်ရင်လည်း တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်"

"ဟုတ်"

"ကိုယ်သွားပြီနော်"

အေးစေ အထဲသို့ မ၀င်သေးဘဲ ဦးဟန်၏ ကားလေး ပျောက်သွားသည်အထိ ငေးကြည့်နေမိသည်။ 

ဦးဟန်က ကျောင်းခွဲအများကြီး ဖွင့်ထားသည့်အလျောက် ဦးဟန်၏ ရုံးချုပ်က အေးစေတို့ကျောင်း campus တွင် ရှိမနေပါ။

ကိုယ့်ရဲ့ ရင်မှာ အေးစေ (Completed)Where stories live. Discover now