"ဝေါ ဝေါ ၀ုန်း"
အချိန်အခါမဟုတ် ရွာနေသော မိုးက သည်းထန်စွာ...
လေကလည်း အရှိန်ပါသောကြောင့် ခြံ၀န်းကျယ်ကြီးအတွင်းမှ သစ်ပင်ကြီးတချို့ဆိုလည်း ယိမ်းခါနေကြသည်။
နေ့လည်ဘက်ဖြစ်သော်လည်း မိုးမှောင်ကျနေသောကြောင့် ပတ်၀န်းကျင်တစ်ခုလုံးက အုံ့မှိုင်းနေသည်။
အေးစေ နေ့လည်ခင်း ခဏအိပ်လိုက်ရာမှ လေသံမိုးသံတွေကြောင့် နိုးလာရသည်။
နိုးနိုးချင်း ဦးဟန်ကို သတိရလိုက်တာကြောင့် အေးစေ ဦးဟန်ကို လိုက်ရှာလိုက်သည်။
"ဦးဟန်"
အလုပ်ခန်းထဲမှာများ ရှိနေလိမ့်မလားတွေးကာ သွားရှာလိုက်သော်လည်း ဦးဟန်ကိုမတွေ့...
အောက်ထပ်ရှိ ဧည့်ခန်းမှာများ ရှိနေမလား တွေးပြီး အောက်ထပ်သို့ ဆင်းကာ ရှာလိုက်သည်။
"ဦးဟန်ရေ"
သို့ပေမယ့် ဧည့်ခန်းထဲမှာလည်း ရှာနေသူကို မတွေ့...
ထို့ကြောင့် အေးစေ ထမင်းစားခန်းထဲသို့ သွားရှာရန် တွေးလိုက်သည်။
"ရှပ် ရှပ် ရှပ်"
ခြေလှမ်းများကို ထမင်းစားခန်းဆီသို့ ဦးတည်နေစဥ် အေးစေရဲ့ နောက်မှ လမ်းလျှောက်သံ တရှပ်ရှပ်ကို ကြားလိုက်ရသည်။
"ဦးဟန်...
ဟင်"အေးစေ နောက်သို့ လှည့်ကြည့်လိုက်ပေမယ့် ဘယ်သူ့ကိုမျှ မတွေ့ရ...
"ဦးဟန်"
ရုတ်တရက် မီးကပါ ပျက်သွားသောအခါ ပြတင်းပေါက်တွေပါ ပိတ်ထားသောကြောင့် တစ်အိမ်လုံးကို သဲသဲကွဲကွဲ မမြင်ရလောက်အောင် မှောင်မည်းသွားကာ တံခါးမကြီးမှ ၀င်နေသောအလင်းရောင် အနည်းငယ်သာ ရှိတော့သည်။
အေးစေ ဒီတိုင်းရပ်နေလို့ မဖြစ်ပါ။
မီးလုံးဖြစ်ဖြစ်၊ ဖယောင်းတိုင်ဖြစ်ဖြစ် ထွန်းရမည်။အနည်းငယ်ရှိနေသော အလင်းရောင်နှင့် အေးစေ မီးထွန်းရန် ခြေလှမ်းများကို စမ်းတ၀ါး၀ါးနှင့် လှမ်းလိုက်သည်။
YOU ARE READING
ကိုယ့်ရဲ့ ရင်မှာ အေးစေ (Completed)
Romanceအေးစေနဲ့အတူတူ အေးအေးငြိမ့်ငြိမ့်လေး စီးမြောလိုက်ရအောင်ဗျာ...