Part-20

1.7K 124 8
                                    

Unicode

ဦးဟန် လက်မှနာရီကို ကြည့်လိုက်တော့ ညနေ ၅ နာရီ ရှိနေပြီဖြစ်သည်။

နေ့လည်က ဓာတ်လှေကားပျက်သွားတာကြောင့် နောက်မဖြစ်အောင် ပြင်ဆင်တာ၊ လာပြင်သည့်သူများနှင့် ညှိနှိုင်းတာနှင့် အချိန်တော်တော်လေး နောက်ကျသွားသည်။

ပြန်ခါနီးမှ ဟိုကောင်လေးမူးလဲတာကို သတိရတာကြောင့် ထိုကောင်လေးကိုကြည့်ပြီး ဂရုစိုက်လိုက်ရန် လွှတ်ထားသောသူကို ဖုန်းဆက်ရန် သတိရသည်။

ဖုန်းကို ဖွင့်မိကာမှ အိမ်က အေးစေထံမှ ခေါ်ထားသောအ၀င်ကောလ်များက မြောက်များစွာ...

ဖုန်း၀င်ထားသည့် အချိန်ကတော့ သိပ်မကြာသေး...,

နေ့လည် အစည်းအ‌ဝေးလုပ်နေစဥ်က ဖုန်းအသံပိတ်ထားတာကို အခုထိပြန်မဖွင့်ရမိသေးခြင်းပင်...

ဦးဟန် အေးစေထံသို့ ဖုန်းပြန်ဆက်လိုက်သည်။

"လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ သတ်မှတ်ချိန်အတွင်း ပြန်လည်ဖြေကြားခြင်းမရှိပါသဖြင့်..."

သုံးလေးခေါက်လောက် ခေါ်သော်လည်း ဖုန်းကိုင်မည့်သူက ပေါ်မလာသေး...

အိမ်က အေးစေတို့ကတော့ ကောက်သွားပြန်ပြီထင်ပါရဲ့...

ဦးဟန်ကတော့ ချော့ရဦးမည်ပေါ့...
ကလေးလေးဆိုတော့လည်း ဦးဟန်ကပဲ ချော့ရပေဦးမပေါ့...

**********

"ဟုတ် သူ ဒီအတိုင်း အစာသေချာမစားတာ၊ အိပ်ရေးပျက်တာတွေရယ်ကြောင့်လို့ ပြောပါတယ် ကိုခန့်"

"..."

"ဟုတ် ကျနော်သူ့အကြောင်းသေချာစုံစမ်းထားလိုက်ပါမယ်"

ထင်ထင် နိုးနိုးချင်း နားထဲတွင် ၀ိုးတ၀ါးစကားပြောသံကို ကြားနေရသည်။

ဘယ်နှစ်နာရီတောင်ရှိနေပြီလဲ...
အဲ့တာဆို မေမေကရော...

ရုတ်တရက် မေမေ့ကို တွေးမိကာ စိတ်ပူပြီး လှဲနေရာမှထလိုက်တာကြောင့် ခေါင်းက မိုက်ခနဲဖြစ်သည်။

"ဟိတ် မင်း ရုတ်တရက်မထနဲ့လေ"

"ကျနော် ရောက်နေတာ ဆေးရုံလား...ဘယ်အချိန်ရှိနေပြီလဲ"

ကိုယ့်ရဲ့ ရင်မှာ အေးစေ (Completed)Where stories live. Discover now