Part-36

1.8K 134 9
                                    

Unicode

မီးဖိုခန်းထဲတွင် တလှုပ်လှုပ်နှင့် အလုပ်ရှုပ်နေသော ကောင်ငယ်လေးတစ်ယောက်...

အိမ်နေရင်း ပေါ့ပေါ့ပါးပါးချည်ထည်၀မ်းဆက်ကိုသာ ၀တ်ထားပေမယ့် မီးဖိုနားကပ်နေရ၍ထင်သည်။

ပခုံးထိလုနီးနီးဖြစ်နေသော ဆံပင်တွေကို တစ်၀က်စည်းထားသော်လည်း နဖူးဖြူဖြူလေးတွင် ချွေးအနည်းငယ်စို့နေသည်။

အေးစေ ဦးဟန်အတွက် ကြက်သားစွပ်ပြုတ်လေး ပြုတ်ပေးနေခြင်းဖြစ်သည်။

ဦးဟန်က ဆေးရုံလည်းတက်ရ၊ ဆေးတွေလည်း သောက်ရနှင့်ဆိုတော့ အာဟာရမရှိ ဖြစ်နေမှာစိုး၍ အေးစေကိုယ်တိုင် ကြက်သား၀ယ်ကာ ပြုတ်ပေးနေခြင်းပင်။

ထိုစဥ် ဖုန်း၀င်လာသောကြောင့် အေပရွန်ကိုချွတ်ကာ ဖုန်းကို ကိုင်လိုက်သည်။

"ဟုတ် အမေ"

"..."

"ဗျာ ဒီနေ့ပြန်မလာတော့ဘူးလား"

"ဟုတ် ဟုတ် သား ရေချိုးပြီးရင် အမြန်လာပို့လိုက်မယ်...အမေတို့ အ‌ရှေ့ခဏ ထွက်စောင့်ပေးနော်"

"..."

"သား မ၀င်တော့ဘူး...မေမေတို့ဆီလည်း ဟင်းပို့ဖို့ သွားရဦးမှာဆိုတော့ နောက်ကျနေမှာစိုးလို့
အမေတို့အတွက်လည်း များများ ထည့်ပေးထားတယ်"

ဖုန်းကျသွားပြီးနောက်မှ အေးစေ စွပ်ပြုတ်အရသာကို မြည်းကြည့်လိုက်သည်။

"ဒီအရသာလောက်ဆို အတော်ပါပဲ"

ဦးဟန်အတွက် အရသာအဆင်ပြေပြီဆိုမှ ဟင်းအိုးမီးကို ပိတ်လိုက်သည်။

အေးစေ အရင်ရက်တွေက ဦးဟန်အလုပ်သွားပြီး အေးစေလည်း အတန်းချိန်ပြီးလို့ အိမ်မှာ တစ်ယောက်တည်းကျန်ခဲ့ရင် စမ်းပြီး ချက်ကြည့်ရာမှ အခုဆို ကြက်ဥကြော်တင်မဟုတ်ဘဲ တခြားဟင်းတွေကိုပါ အတော်အသင့် ချက်ပြုတ်တတ်နေပြီဖြစ်သည်။

***********

ရှပ်အင်္ကျီလက်တို အဖြူရောင်ကို ၀တ်လိုက်ပြီးနောက် ပုဆိုးကိုလည်း ပုံကျအောင် အသေအချာ ပြင်၀တ်လိုက်သည်။

လက်မှ နာရီကို ကြည့်လိုက်တော့ နေ့လည် ၁၀ နာရီ ထိုးပြီးကာစပင် ရှိသေးသည်။

ကိုယ့်ရဲ့ ရင်မှာ အေးစေ (Completed)Donde viven las historias. Descúbrelo ahora