Unicode
မြူများဆိုင်းနေသော နံနက်ခင်းတစ်ခု...
ပတ်၀န်းကျင်တစ်ခုလုံး အမှောင်ထုကသာ ဖုံးလွှမ်းထားဆဲဖြစ်ပြီး အရာအားလုံးက တိတ်ဆိတ်စွာ ရှိနေသည်။
"တီ တီ တီ...တီ တီ တီ"
ထိုစဥ် နှိုးစက်သံက တိတ်ဆိတ်နေသော အခန်းအတွင်း ဆူညံစွာထွက်ပေါ်လာသည်။
နှိုးစက်သံ မြည်လာသည်နှင့် တစ်ပြိုင်နက် မွေ့ယာပေါ်ရှိ စောင်ထုပ်ကလေးမှာ လှုပ်စိလှုပ်စိဖြစ်လာသည်။
ထို့နောက်တွင်တော့ စောင်ထုပ်ထဲမှ လက်ကလေးတစ်ဖက်ထွက်လာကာ ဘေးရှိ နှိုးစက်ကို ဟိုစမ်းသည်စမ်းနှင့် ပိတ်လိုက်သည်။
စောင်ကိုဖယ်ကာ ထွက်လာသော ကောင်ကလေးမှာ ဆံပင်များက ရှုပ်ပွနေပြီး ငှက်သိုက်လေးသဖွယ် ဖြစ်နေသည်။
စောင်တွေကို ခေါက်ရင်း ပါးစပ်အကျယ်ကြီးဟကာ ၀ှားခနဲတစ်ချက်သမ်းလိုက်ပြီးနောက်တွင်တော့ အိပ်ချင်မူးတူးနှင့် ကောင်ကလေးမှာ ရေချိုးခန်းထဲသို့ တရွေ့ရွေ့နှင့် ၀င်သွားပါတော့သည်။
************
အေးစေ မျက်နှာကို ရေအေးအေးတွေနှင့် ပက်ကာသစ်လိုက်သည့်အခါတွင်တော့ မျက်စိအတော်လေး ကျယ်သွားပြီဖြစ်သည်။
သွားတိုက်နေရင်း မှန်ထဲတွင် ပေါ်နေသော ပုံရိပ်ကို ကြည့်ရင်း ဟိုဟိုဒီဒီ လျှောက်တွေးနေမိသည်။
အေးစေရဲ့ မျက်နှာက ငယ်ငယ်ကနဲ့ မတူတော့ဘူးလား။
ဘယ်လိုပဲကြည့်ကြည့် အေးစေကိုယ်တိုင်တော့ ကိုယ့်ကိုယ်ကိုကြည့်ရတာ ငယ်ငယ်ကပုံနဲ့ အခုပုံက ဘာမှကွာခြားမသွားပါ။
တစ်နေ့တစ်နေ့ ဦးဟန်အနား ဘယ်လိုမျိုးကပ်ရမလဲ စဥ်းစားရသည်မှာလည်း ခေါင်းတွေလည်း ခြောက်လှပါပြီ။
ထိုအကြောင်း တွေးမိပြန်တော့ အေးစေမှာ ၀မ်းနည်းရပြန်သည်။
တကယ်တော့ ဦးဟန်ဒီလိုမျိုးဖြစ်ရတာက အေးစေကြောင့်...
ထိုနေ့က ဆရာ၀န်တွေက ဦးဟန်ကို စစ်ဆေးပြီးနောက် ပြောလာသည်က Retrograde Amnesia (ကွက်ပြီးအတိတ်မေ့သွားခြင်း) ဟု ပြောလာသည်။
VOUS LISEZ
ကိုယ့်ရဲ့ ရင်မှာ အေးစေ (Completed)
Roman d'amourအေးစေနဲ့အတူတူ အေးအေးငြိမ့်ငြိမ့်လေး စီးမြောလိုက်ရအောင်ဗျာ...