Part-16

1.5K 123 2
                                    

Unicode

ဦးဟန် ဂုတ်ကိုအသာဖိလိုက်ပြီး မျက်မှန်ကိုချွတ်ကာ မျက်လုံးများကို ခနမှိတ်ထားလိုက်သည်။

"ဘယ်နှစ်ယောက် ကျန်သေးလဲ အကိုတို့"

"သုံးယောက်ပဲ ကျန်ပါတော့တယ် ဆရာ"

"အဲ့တာဆို ဒီတစ်ခေါက်ကို နှစ်ယောက်တစ်ခါမဟုတ်ဘဲ သုံးယောက်လုံးတစ်ပြိုင်တည်း ခေါ်လိုက်ပါ"

တကယ်တော့ ဦးဟန်အဖို့ ဒီလိုမျိုး ပရိုဂရမ်တစ်ခု အကောင်အထည်ဖော်ဖို့ဆိုတာက လွယ်လွယ်လေးမဟုတ်...
စိတ်ရော လူပါ ပင်ပန်းရသည်။

ဒီပရိုဂရမ်အတွက် တကယ်ဆို ဦးဟန်အနေနှင့်တခြားသူတွေနဲ့ပဲ လွှဲထား၍ ရသည်။

သို့ပေမယ့် ဦးဟန်ကိုယ်တိုင် တကယ်တော်ပြီး တကယ်လိုအပ်နေကြ၊ တကယ်ဦးဟန်တို့ကျောင်းကို တက်ချင်ကြတဲ့ လူငယ်တွေကိုသာ သေချာ‌ရွေးပြီး ပေးချင်သည်။

ဘာကြောင့်ဆို တချို့က လွယ်လွယ်ရရင် ပေါ့ပျက်ပျက်လုပ်တတ်ကြသည် မဟုတ်လား။

**********

"အံ့ဘုန်းထင်"

ထင်ထင့်ရဲ့ နာမည်ခေါ်သံကိုကြားသည်နှင့် ခါးက မတ်ခနဲဖြစ်သွားသည်။

ထင်ထင် လျှောက်လိုက်တဲ့ ဖောင်က နောက်ကျသွား၍ လူတွေ့ဖြေဖို့က တော်တော်လေးကို စောင့်လိုက်ရသည်။

စောင့်လိုက်ရတာမှ ဘယ်လောက်တောင်လဲဆို ထင်ထင့်နောက်မှာ နှစ်ယောက်ပဲကျန်သည်အထိ။

"မောင်လေးက အံ့ဘုန်းထင်နော်"

"ဟုတ် အမ"

"မောင်လေးတို့ သုံးယောက်လုံး ၀င်လို့ရပြီနော်"

ထင်ထင် ၀တ်ထားတဲ့ ရှပ်အင်္ကျီအဖြူလေးက မေမေ မီးပူတိုက်ပေးထားလို့ ပြန့်နေပြီးသားပေမယ့် လက်နှင့်အသာခါကာ ထပ်ပြီးပြန့်အောင် လုပ်လိုက်သည်။

ထင်ထင်အပါအ၀င် သုံးယောက်လုံး လက်ထဲက ကိုင်ထားတဲ့ ဖိုင်အိတ်ထဲမှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေပါလာရဲ့လား နောက်တစ်ခေါက်ထပ်စစ်ဆေးပြီးမှ လူတွေ့ဖြေဖို့ရာ အခန်းထဲ၀င်သွားလိုက်သည်။

ကိုယ့်ရဲ့ ရင်မှာ အေးစေ (Completed)Donde viven las historias. Descúbrelo ahora