Part-14

2K 121 0
                                    

Unicode

ဓာတ်လှေကားထဲမှ ထွက်လာကြသော ကျောင်းယူနီဖောင်းတူညီ၀တ်စုံနှင့် ကျောင်းသားကျောင်းသူများကြားတွင် ဦးဟန်၏မျက်လုံးထဲ၌ အိမ်က တစ်စုံတစ်ယောက်သောသူကသာ ထင်းနေသည်။

မနက်က အေးမည်စိုး၍ ဦးဟန်ထပ်၀တ်ပေးလိုက်သည့် အနွေးထည်အစိမ်းပုပ်ရောင်လေး ထပ်ထားသော အေးစေမှာ ဦးဟန်ကို တွေ့သည့်ဟန်မပေါ်...

လှုပ်တုတ်လှုပ်တုတ်နှင့်သာ ဖြည်းဖြည်းချင်းလျှောက်လာသည်။

"အေးစေ"

ဦးဟန်ခေါ်လိုက်သောအခါတွင်တော့ အေးစေက ဦးဟန်အသံရှိရာဆီသို့ မျက်လုံးကလေး အပြူးသားနှင့် ကြည့်လာသည်။

"ကိုယ် ဒီမှာ"

ထိုအခါတွင်မှ အေးစေက ခြေလှမ်းကလေး ခပ်သွက်သွက်နှင့် ဦးဟန်ဆီသို့ လျှောက်လာသည်။

"ဦးဟန် ‌လာမကြိုဘူးဆို"

"အင်း ကိုယ် အတတ်နိုင်ဆုံး အချိန်ရအောင်ယူပြီး လာကြိုပေးမယ် ပြောထားတယ်လေ"

အေးစေ မေးသည်ကို ပြန်ဖြေရင်းနှင့် ချွတ်ကာ လက်ထဲသို့ထည့်လာသော အေးစေ၏ အစိမ်းပုပ်ရောင် အနွေးထည်လေးကို ယူလိုက်သည်။

***********

"ကိုယ် အိမ်ကို ပြန်ပို့ပေးမယ်နော်"

"ဟင့်အင်း...ဦးဟန်နဲ့ လိုက်ချင်တယ်"

"ကိုယ်နဲ့လိုက်မယ်ဆို ပျင်းစရာကြီးနော်...ပြီးမှ ကိုယ့်ကို အိမ်ပြန်ချင်တယ်ဆိုပြီးဂျီမကျနဲ့"

"မပျင်းပါဘူး...ဦးဟန်ရှိတာကြီးကို"

"အင်းပါ ဟုတ်ပါပြီ...ကိုယ်အလုပ်ရှုပ်နေတဲ့အချိန် ဘေးကဂျီလာကျလို့ကတော့နော်...
အေးစေ ဆံပင်တွေရှည်နေပြီလားလို့"

"ဦးဟန်နော်...အေးစေဆံပင်ကို"

"ဆံပင်ရှည်လာပြီမို့ ခေါင်းလျှော်ရင် ဂရုစိုက်ဖို့ ပြောမို့လေ"

အေးစေ ဦးဟန်ပြောနေသည်ကို မကြားချင်ယောင်ဆောင်ကာ ကားပြတင်းမှန်ဘက်ကိုသာ ခေါင်းကို လှည့်ထားလိုက်တော့သည်။

အေးစေရဲ့ ဆံပင်ကိုသာ ညှပ်ရန်စောင့်နေသော ဦးဟန်ကို အေးစေ တကယ်အမြင်ကပ်ပါသည်။

ကိုယ့်ရဲ့ ရင်မှာ အေးစေ (Completed)Tempat cerita menjadi hidup. Temukan sekarang