Part-4

3.1K 228 7
                                    

အခန်းကျယ်တစ်ခုအတွင်း မှောက်ရက်လေး အိပ်နေသူ တစ်ဦးရှိနေသည်။

ခြေရင်းတွင်ရှိနေသော စောင်အပုံလိုက်ကြီးက တစ်ယောက်ယောက်က ခြေထောက်နှင့် ကန်ချထားသယောင်...

နံနက် ၁၀ နာရီခန့်ရှိပြီဖြစ်၍ မှန်ချပ်များမှတစ်ဆင့် တိုး၀င်လာသော နေ၏ အလင်းရောင်ကို လိုက်ကာများမှ ကာပေးရန် မစွမ်းသာနိုင်တော့...

ထိုအခါတွင်တော့ နေရောင်ခြည်နှင့်အတူ အပူရှိန်ခပ်နွေးနွေးသည် ကောင်ငယ်လေး၏ တစောင်းထားထားသော မျက်နှာဆီသို့ လာရောက်ကျီစယ်ပြီဖြစ်သည်။

မျက်နှာဆီသို့ လာရောက်ဟပ်နေသော အလင်းရောင်ကြောင့် ကောင်လေး၏ မျက်နှာနုနုသည် အနည်းငယ် ခပ်ရှုံ့ရှုံ့လေး ဖြစ်လာသည်။

မနေ့တစ်နေ့ကမှ အညှပ်ခံထားရသော ဆံပင်လန်လန်လေးများမှာလည်း ရှုပ်ပွနေသည်။

ရှုပ်ပွနေသော ဆံပင်များထဲမှ တချို့က ပိတ်ထားသော မျက်လုံးဆီ လာရောက်ကျီစယ်သည့်အခါတွင်တော့ အေးစေဘယ်လိုမှ မ‌နေနိုင်တော့...
မျက်လုံးယားလာသဖြင့် လက်နှင့်ဖိပြီး ပွတ်လိုက်သည်။

အိပ်နေရင်း အနှောင့်အယှက်ဖြစ်သွားသောကြောင့်လည်း နှုတ်ခမ်းက အနည်းငယ်ဆူလာပြီဖြစ်သည်။

"အေးစေ...မျက်လုံးကို လက်နဲ့ မပွတ်နဲ့လေ"

ဦးဟန်ပြောသော်လည်း မျက်လုံးကို ပွတ်နေသောလက်များမှာ မရပ်သွားဘဲ ပွတ်မြဲပွတ်နေဆဲ...

ထို့ကြောင့် သူအေးစေ၏ လက်ကလေးများကို အသာ ဆွဲဖယ်လိုက်သည်။

"ဦးဟန်...အင်း..."

နာမည်ကို ခေါ်လိုက်သော်လည်း မျက်လုံးများက ဖွင့်မလာသေးဘဲ နှုတ်ခမ်းများ ဆူပြီး အင်းခနဲအသံပေးကာ ဇိမ်ယူနေသေးသည်။

ဦးဟန် ကြည့်နေရင်း အသည်းယားလာသဖြင့် ပါးဖောင်းဖောင်းလေးကို တမင်နာအောင် ဆွဲလိုက်သည်။

"အင်း...နာတယ်"

"နာရင် ထတော့...နောက်ကျနေပြီ"

"ဦးဟန်က အေးစေ ပါးကို အားကြီးနဲ့ ညှစ်တယ်"

"မညှစ်ပါဘူး...ဘယ်မှာညှစ်လို့လဲ"

ကိုယ့်ရဲ့ ရင်မှာ အေးစေ (Completed)Where stories live. Discover now