Part-19

1.5K 125 13
                                    

Unicode

"ကျနော် ရုံးရောက်တာနဲ့ အစည်းအဝေး လုပ်ပါမယ်...အကုန်လုံးကို ရုံးခန်းထဲ ‌စောင့်ခိုင်းထားပါ"'

"..."

"ကျောင်းသား‌ရော ရောက်နေပြီလား"

"..."

"ကျနော် လာတာနဲ့ အကုန်လုံး အဆင်သင့် ဖြစ်နေစေချင်တယ်"

ဦးဟန် ကားမောင်းနေရင်း ရုံးသို့ ဖုန်းကြိုဆက်ကာ အစည်းအဝေးလုပ်ဖို့ ပြင်ဆင်ထားရန် မှာထားလိုက်သည်။

အခုဖြစ်တဲ့ ပြဿနာက စကောလားရှစ်ပရိုဂရမ်ရထားတဲ့ ကျောင်းသားက အလုပ်သင်အဖြစ်လုပ်နေရသည့် ဌာနသို့ မလာသည်မှာ တော်တော်ကြာနေပြီဖြစ်သည့်အပြင် ကျောင်းတက်လည်း မမှန်သောကြောင့်ဖြစ်သည်။

ဦးဟန်တို့ဘက်မှ ပညာသင်ခွင့်အပြင် အလုပ်အကိုင်ရော၊ ငွေကြေးရော လိုအပ်တာတွေ ထောက်ပံ့ပေးထားသည်။

ဒါကို ဒီလိုမျိုး ဖြစ်သလို ပေါ့ပျက်ပျက်လုပ်နေခြင်းကို ဘယ်သူကမှ လက်ခံနိုင်မည်မဟုတ်။

ဦးဟန် တစ်ယောက်တည်းဆိုရင်တော့ နောက်မှ ဖြေရှင်းလို့ ရပေမယ့် အခုက တခြားကူညီပြီး ထောက်ပံ့ပေးထားကြသည့်တာ၀န်ရှိသူများပါ လာကြမည်ဖြစ်သောကြောင့်ပင်...

တစ်ယောက်ကို ဦးဟန်တို့ဘက်မှ အလျှော့ပေးကာ ဘာမှမပြောဘဲနေလိုက်လျှင် နောက်လူများပါ မလုပ်လာဘူးဟု ပြောမရနိုင်။

ထို့ကြောင့် ယနေ့ အားလုံးအဆင်ပြေသောအချိန်ကို ဦးဟန်ရဲ့ လက်ထောက်က စီစဉ်လိုက်ခြင်းဖြစ်သည်။

ဒီကိစ္စဖြေရှင်းပြီးရင်တော့ ဦးဟန်ရဲ့ ယောက္ခမဖြစ်သူ မေမေတို့အိမ်တွင်ကျန်ခဲ့သည့် အိမ်က အကောက်ကလေး အေးစေကို ချော့ရပါမည်။

***********

"မေမေ သား ခဏ သွားလိုက်ဦးမယ်နော်...အပြန် ဘာစားချင်သေးလဲ"

ခေါင်းလေးသာ ခါပြသော မေမေ့ကိုကြည့်ကာ ထင်ထင် ၀မ်းနည်းမိပေမယ့်လည်း မေမေ့ရှေ့တွင် စိတ်ကိုတင်းကာ ပြုံးထားရပါသည်။

"မေမေတစ်ခုခု စားချင်တယ်ဆို ယူစားရလွယ်အောင် မုန့်ကို ဒီနားထားထားပေးတယ်နော်...သိပ်မကြာပါဘူး သား ခဏပဲ ပြန်လာမှာ"

ကိုယ့်ရဲ့ ရင်မှာ အေးစေ (Completed)Donde viven las historias. Descúbrelo ahora