Part-9

2K 144 6
                                    

Unicode

အေးစေ xxx Bar မှ ပြန်ရောက်သော် အိမ်က ပိတ်ထားလျက်သာ ရှိသေးသည်။

ဦးဟန်ပြန်မရောက်သေးဘူးထင်သည်။

အေးစေ အရမ်းမသောက်လာဘူးဆိုပေမယ့် အနည်းငယ်တော့ သောက်လာရသေးသည်။

အေးစေက အိမ်ကို အစောပြန်ချင်တာကိုး...

အနံ့အသက်တွေပျောက်အောင် ရေအရင်ချိုးပြီး ဦးဟန် ပြန်လာရင် စားရအောင်လို့ တစ်ခုခုပြင်ထားရမည်။

တကယ်လို့ ဦးဟန်က ညစာ စားပြီးပြီဆိုရင် ကိစ္စမရှိပေမယ့် မစားရသေးဘူးဆိုရင်တော့ ဦးဟန်ဆာနေမှာပေါ့...

ဒါကြောင့် အေးစေ ရေအမြန်ချိုးကာ ဦးဟန်အတွက် အကောင်းဆုံးမဟုတ်ရင်တောင် အေးစေရဲ့ စေတနာတွေ အပြည့်ထည့်ကာ ထမင်းပူပူလေးရယ်၊ ကြက်ဥကြော်လေးရယ် လုပ်ရမည်။

ထို့နောက်တွင်တော့ ကောင်ငယ်လေးတစ်ယောက်သည် ခုန်ဆွခုန်ဆွလုပ်ကာ ရေချိုးခန်းအတွင်းသို့ အပြေးလေး ၀င်သွားပါတော့သည်။

**********

‌အေပရွန်အနက်ကလေး၀တ်ကာ ထမင်းစားခန်းတွင် လှုပ်တုတ်လှုပ်တုတ်နှင့် အလုပ်ရှုပ်နေသော ကောင်ငယ်လေးတစ်ယောက်...

ဂုတ်၀ဲမရောက်တရောက် ဆံပင်လေးများကို ဆံကုပ်ဖြင့် လှန်တင်ထားကာ နဖူးတွင်လည်း ချွေးအနည်းငယ် စို့နေသေးသည်။

ဒယ်ပိုင်းအနီရောင်အတွင်းမှ ကြက်ဥကြော်ကို ပန်းကန်ပြားဖြူဖြူလေးထဲသို့ ကြက်ဥကြော်အ၀ိုင်းမပျက်စေရန် အသေအချာထည့်နေသည်မှာ အလုပ်ကြီးတစ်ခုကို အားစိုက်လုပ်နေရဟန်...

ကြက်ဥကြော် ပုံမပျက်ဘဲ ပန်းကန်အတွင်းသို့ ရောက်သွားသည့်အခါတွင်တော့ အတော်လေး ပင်ပန်းသွားဟန်ဖြင့် ထည့်နေတုန်းက အောင့်ထားသော အသက်ရှူခြင်းကို ဟင်းခနဲလုပ်ကာ ၀င်လေထွက်လေကို မျှစေလိုက်သည်။

ဟုတ်ပါသည်...
ဒီကောင်ကလေးမှာ နှစ်ယောက်မရှိသော အေးစေပါပင်...

အေးစေ ကြက်ဥကြော်ကြော်ပြီးနောက် အတော်လေး ပင်ပန်းသွားရသည်။

ဘာလို့ဆို အေးစေက ဦးဟန်ထမင်းပူပူလေး စားရဖို့ ထမင်းအိုးလည်း တည်လိုက်ရသည့်အပြင် ကြက်ဥပါ ကြော်လိုက်ရသေးသည် မဟုတ်လား။

ကိုယ့်ရဲ့ ရင်မှာ အေးစေ (Completed)Où les histoires vivent. Découvrez maintenant