Part-30

1.6K 121 2
                                    

Unicode

ဦးဟန် ***** Club အတွင်းသို့ ရောက်သည်နှင့် အေးစေကို ရှာလိုက်သည်။

Day Club ဖြစ်တာကြောင့် Night Club တွေကဲ့သို့ လူအရမ်းကြီး ရှုပ်မနေ...

ထို့ကြောင့် သိပ်မရှာလိုက်ရဘဲ အေးစေကို တွေ့လိုက်ရသည်။

နောက်မှထိုင်ခုံကို လက်နှစ်ဖက်တင်ကာ ခေါင်းမှီပြီး ထိုင်နေဟန်က တကယ့်ကို အမူးသမားအတိုင်း...

ကျောင်းယူနီဖောင်းကို လည်ပင်းမှ ကြယ်သီးနှစ်လုံးဖြုတ်ထားဟန်က ကျောင်းလူမိုက်ကလေးလိုလို...

အေးစေတို့ ဒီနှစ်တွေအတွင်း တကယ်ကို လူဆိုးကလေး ဖြစ်လာခဲ့တာပဲ...

ဦးဟန်ထင်တာတော့ အတိတ်မမေ့ခင်က သူ ဒီကလေးကို အတော်လေးကို ထိန်းကျောင်းခဲ့ရမှာပင်

"အေးစေ"

"ဟမ်... ဦးဟန်လား..."

"အင်း"

"သား မူးတယ်"

ဖုန်းပြောကတည်းက မူးတယ်ပြောနေသူကို သတိထားမိတာကြောင့် ရှေ့ရှိခွက်များနှင့် ပုလင်းများကို ကြည့်မိတော့ ဦးဟန်ပင် တော်ရုံမသောက်သော အမျိုးအစားများပင်...

ဒါကြောင့်လည်း ဒီကလေး ဒီလောက် မူးနေတာဖြစ်မည်။

"လာ အိမ်ပြန်ကြမယ်"

"ဟင့်အင်း မပြန်ချင်ဘူး"

"လာပါ အေးစေရဲ့"

"ဟင့်အင်း သား မပြန်ချင်ဘူး"

ဦးဟန် အေးစေကို ပြောမရတာကြောင့် အသာဆွဲထူပြီးသာ ခေါ်ရန်ပြင်လိုက်သည်။

"သား မပြန်ဘူးလို့"

"မဆိုးစမ်းနဲ့ အေးစေ"

‌ဦးဟန် ပြောရင်း ဆွဲထူလိုက်တော့ အဆိုးကလေးက ထိုင်ရာမှမထဘဲ ပေကပ်နေသည်။

"မဆိုးစမ်းနဲ့ အေးစေ"

"သားက မဆိုးပါဘူး...ဦးဟန်ကသာ...ဟင့်"

ပြောရင်းနှင့်ပင် ငိုနေပြန်သူကြောင့် ဦးဟန်မှာ အံ့သြရပြန်ပါသည်။

ဒီကလေးကို ဘယ်လိုများ လုပ်ရပါ့...

"ဦးဟန်...အင့်... သား ပြန်တော့မယ်...ဟင့်"

ကိုယ့်ရဲ့ ရင်မှာ အေးစေ (Completed)Donde viven las historias. Descúbrelo ahora