Part-17

1.5K 126 7
                                    

Unicode

အေးစေအမုန်းဆုံးနေ့ကို ပြပါဆိုလျှင် တနင်္လာနေ့ကို ပြရပေလိမ့်မည်။

ကျောင်းပိတ်ရက်က ဘာလို့ စနေ၊ တနင်္ဂနွေနှစ်ရက်တည်း ရှိတာလဲပဲ...

စနေနဲ့ တနင်္ဂနွေကြားမှာ စနွေတို့ တနင်္ဂနေတို့ဆိုပြီး နောက်ထပ်နာမည်နဲ့ ပိတ်ရက်လေးတွေ ရှိရင်လည်း ကောင်းပါဦးမည်။

Private University မှာတက်နေပြီး ကျောင်းမတက်ချင်လျှင် ကျောင်းပြေးလိုက်ပါလားဟု ဆိုကြလျှင်လည်း အေးစေအနေနှင့် မပြေးရဲပါ။

ဦးဟန်ရှိနေသည်လေ...
ဦးဟန်က အေးစေ ဆံပင်တွေကို ညှပ်ပစ်လိမ့်မည်...

အေးစေ ကျောင်းလေးတစ်ရက်မဟုတ်ဘဲ နေ့တစ်၀က်လောက် ပြေးမိလျှင်တောင် ဦးဟန်နားထဲ ရောက်မည်မှာ မလွဲမသွေ...

အမြဲတမ်း ကျောင်းတက်ချိန်နှင့် သိပ်မကွာအောင် အချိန်ညှိပြီး လိုက်ပို့တတ်သည့် ဦးဟန်က ဒီနေ့ အေးစေကို ထူးထူးခြားခြား အစောကြီး ပို့သွားတာကြောင့် အေးစေ ခပ်ပျင်းပျင်းနှင့် ဟိုတွေးဒီတွေး တွေးနေခြင်းဖြစ်သည်။

မနက်က ဦးဟန်က အစောကြီးလာနှိုးတာကြောင့် အေးစေ အိပ်ရေးလည်း မ၀သေးပါ။

အေးစေထိုင်နေရင်း ၀ှားခနဲသမ်းလိုက်သည်။

တနင်္လာနေ့ကြီးက ပျင်းစရာကောင်းလိုက်တာ...

**********

"Good morning, Class
Let's start today's lesson"

အတန်းထဲ ၀င်၀င်ချင်း ပြောလာသော ဆရာ၏စကားကြောင့် အေးစေအပါအ၀င် ကျောင်းသားအားလုံး မျက်နှာတွေက ရှုံ့မဲ့သွားကြသည်။

ဒီနေ့ ဆရာက ကားလမ်းမပိတ်ဘူးလားပဲ...

"Turn to page 22,
Look at the third paragraph
I need one volunteer to explain this paragraph"

ဆရာက စာရှင်းပြပေးဖို့ Volunteer ကျောင်းသားတစ်ယောက်ကို ခေါ်နေပေမယ့် အေးစေကတော့ ဖတ်စာအုပ်ကိုသာ သည်းကြီးမည်းကြီးကြည့်နေလိုက်သည်။

စာရှင်းပြတယ်‌ဆိုတာက အေးစေနဲ့ လုံး၀မသက်ဆိုင်ပါ။

သို့ပေမယ့် ဘယ်လိုပဲ သေချာမြင်အောင် နားလည်အောင် ကြည့်နေပေမယ့်လည်း အေးစေမခံနိုင်တော့ပါ။

ကိုယ့်ရဲ့ ရင်မှာ အေးစေ (Completed)Donde viven las historias. Descúbrelo ahora