Part-1

6.9K 335 15
                                    

Unicode

*ကျွီ*

တိတ်ဆိတ်နေသော ခြံကျယ်ကြီးရှေ့တွင် ထိုးရပ်လိုက်သော အနက်ရောင်ကားတစ်စီး...

"တူ...တူ...တူ
လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ..."

"ကျစ်"

ဖုန်းအော်ပရေတာမှ အသံကြားသည်နှင့် စိတ်မရှည်သဖွယ် ပြုမူလိုက်သည့် နှုတ်ခမ်းတစ်စုံနှင့်အတူ ကားစတီယာရင်ပေါ်တင်ထားသည့် ညာဘက်လက်တစ်ဖက်ကလည်း တင်းကြပ်စွာဆုပ်ကိုင်ထားမှုကြောင့် အကြောများ ထောင်နေသည်။

ထိုအချိန်တွင် ခြံတံခါးဆီသို့ အပြေးအလွှားထွက်လာသည့် ကောင်ငယ်လေးတစ်ဦး...

ကောင်ငယ်လေးမှ ခြံတံခါးဖွင့်ပြီးသည်နှင့် အနက်ရောင်ကားက တစ်ဟုန်ထိုး အရှိန်မြှင့်စွာဖြင့် ခြံထဲ၀င်သွားသည်။

"၀ုန်း...ကျွီ"

ခြံတံခါး လာဖွင့်ပေးသည့် ကောင်ငယ်လေးမှာတော့ အနက်ရောင်ကားကြီးကိုကြည့်ကာ တံတွေးအကြိမ်ကြိမ် မြိုချမိလိုက်သည်။

**********

"အေးစေငြိမ်း...လာပါဦး"

"ဟင့်အင်း"

ခေါ်သံကို ကြားသည်နှင့် ခေါင်းကိုဘယ်ပြန် ညာပြန်ခါကာ လာရန် ငြင်းနေသည့် ကောင်ငယ်လေး

"မြန်မြန်လာနော် အေးစေငြိမ်း"

လာရန်ငြင်းနေသည့် ကောင်ငယ်လေးက ရှေ့တွင်ယှက်ထားသော လက်ကလေးနှစ်ဖက်ကို လိမ်ကျစ်နေရင်းသာ ရပ်မြဲအတိုင်းရပ်နေပြီး နေရာမှမရွေ့

"အေးစေငြိမ်း ကိုယ်စိတ်မဆိုးချင်ဘူးနော်"

"အင့်"

ထိုအခါမှာတော့ ကောင်ငယ်လေးသည် ဆက်ပြီးမငြင်းရဲတော့သယောင် ခေါ်နေသူထံ နှေး‌တုံ့ နှေးတုံ့နှင့် လျှောက်လှမ်းသွားတော့သည်။

ကောင်ငယ်လေး၏ မျက်၀န်းအစုံကတော့ ခြံထဲရှိ မီးအလင်း‌များမှ ရောင်ပြန်ဟပ်မှုကြောင့် အရည်ကြည်တချို့နှင့်အတူ တစ်လက်လက် တောက်ပလျက်ရှိနေသည်။

*********

ဦးဟန် တရွေ့ရွေ့နှင့် လိပ်ကလေးသဖွယ်လျှောက်လာနေသော ကောင်ငယ်လေးအားကြည့်ရင်း အတော်လေးစိတ်ကို ဆွဲဆန့်ထားရသည်။

ကိုယ့်ရဲ့ ရင်မှာ အေးစေ (Completed)Where stories live. Discover now