Part-25

1.6K 119 9
                                    

Unicode

စိမ်းစိုနေသော တောင်ခြေတွင် စု‌ဝေးနေကြသော လူတစ်စု...

အားလုံးက တက်ကြွနေကြကာ စကားသံများ ဟိုတစ်ပေါက် ဒီတစ်ပေါက်နှင့် ဆူညံနေသေးသည်။

"အကုန်လုံး ပြောတာနားထောင်ပေးကြပါ"

ဒေသခံလမ်းညွှန်ဖြစ်ဟန်တူသော အသံခပ်၀ဲ၀ဲနှင့်ကောင်လေးတစ်ယောက်က စကားသံအစပြုလိုက်သည်နှင့် အားလုံးက တိတ်ဆိတ်သွားကြသည်။

"ကျနော်တို့ တောင်ကို ခြေလျင်တက်ကြမှာဖြစ်လို့ အားလုံးက သက်လုံကောင်းပြီး အမောခံနိုင်ဖို့ လိုအပ်ပါတယ်...တကယ်လို့ အမောမခံနိုင်လို့ ဆက်မတက်နိုင်တော့ဘူးဆိုရင်လည်း ကျနော်တို့ တာ၀န်ရှိသူတွေကို ပြောလို့ရပါတယ်"

"ဟုတ်
ဒါနဲ့ မောလာရင် မောင်လေးက အမောပြေအောင် ရေလေးခပ်တိုက်မှာလား...အမကတော့ မောင်လေးမတိုက်လည်း မောင်လေးမျက်နှာလေး မြင်တာနဲ့တင် အမောပြေသွားမှာ"

တောင်တက်မည့်အဖွဲ့ထဲက ၀န်ထမ်းအပျိုကြီးမမတစ်ယောက်က အရွှန်းထဖောက်လိုက်တော့ တ၀ါး၀ါးရယ်သံများနှင့် ဆူညံသွားသည်။

"မဟုတ်တာတွေဗျာ"

လမ်းညွှန်လုပ်ပေးမည့် ကောင်လေးကတော့ မျက်နှာကလေး ခပ်နီနီဖြင့် ငြင်းရှာပါသည်။

"နောက်ထပ်အဓိက မှာချင်တာက ကျနော်ရှေ့က ရှင်းပေးသွားတဲ့ လမ်းနောက်ကိုပဲ လိုက်ပြီး တခြားနေရာတွေကို လျှောက်မသွားဖို့ရယ်၊ ပါးစပ်မဆော့ဖို့ရယ်ပါဗျ"

"ပါးစပ်ပါဆို မျက်နှာမှာရှိနေတာကို ဘယ်လိုဆော့မှာလဲဟင်"

အေးစေ လမ်းညွှန်အကိုပြောနေသည့် စကားများကို နားထောင်ရင်း ဒီအချက်ကိုတော့ တကယ် သိချင်ပါသည်။

ဟုတ်တယ်လေ...
ပါးစပ်က ဘယ်လိုဆော့ရမှာလဲ

ထို့ကြောင့် အေးစေ မေးခွန်းထုတ်လိုက်ခြင်းပင်။

"ပါးစပ်မဆော့ဖို့ဆိုတာက လျှောက်မနောက်ကြ၊ မစကြဖို့ကို ပြောတာပါဗျ...တောတောင်ဖြစ်တဲ့အတွက် အစောင့်အရှောက်တွေရော ပြီးတော့ နတ်ကြီးပါတယ်...ဒါကြောင့် အချင်းချင်းစနောက်ပြီး ပေါက်ကရတွေ မပြောဖို့ ပြောချင်တာပါဗျ"

ကိုယ့်ရဲ့ ရင်မှာ အေးစေ (Completed)Donde viven las historias. Descúbrelo ahora