အပိုင်း ( ၂ )

13.1K 271 0
                                    

I Adore You
~~~~~~~~~~
Part - 2
~~~~~~
" ဟင် မေလှိုင် ဘယ်သွားမလို့လဲ "

" သမီး ဖေစိုင်းရဲ့ အလုပ်က ပြသနာပေါ်လာလို့ သမီးရေ မေလှိုင်တို့ ချက်ချင်းပဲ Singapore  ကို သွားကြရမှာ "

" ဒါဆို ဂရုစိုက်သွားပါနော် မေလှိုင် "

" ဟုတ်ပါ​ပြီ... သားလေးကို ဂရုစိုက်ပေးဦးနော် ပန်းလေး "

" ဟော ပန်းလေး ရောက်နေတာလား "

" ဟုတ် ဖေစိုင်း အလုပ်ကိစ္စနဲ့ခရီးသွားကြမလို့ဆို"

" ဟုတ်တယ် ပန်းလေးရေ အိမ်နဲ့သားကို ပန်းလေးလက်ထဲပဲ အပ်ထားခဲ့မယ်ဗျာ "

" ဟီးဟီး ဖေစိုင်းကလည်း "

ထိုအချိန် အပေါ်ထပ်မှ မင်းညှို့သျှင်လည်း ဆင်းလာလေသည်

" မာမီနဲ့ဒယ်ဒီ ကျွန်တော်မှာတာတွေ မမေ့နဲ့နော် "

" ဟုတ်ပါပြီကွယ် မာမီ မမေ့ပါဘူး "

စွဲမက်လည်း ညှို့ကို မျက်စောင်းထိုးလိုက်သည်

" မေလှိုင်နဲ့ ဖေစိုင်းကို စိတ်ပူပေးတာ သမီးပဲရှိတယ်သိလား ညှို့က မေလှိုင်တို့ကိုစိတ်မပူတဲ့အပြင် လက်ဆောင်ပါမှာနေတာ "

စွဲမက်လည်း မေလှိုင်နဲ့ ဖေစိုင်းရဲ့ ခါးတစ်ဖက်စီကိုဖက်ထားပြီး ပြောလိုက်သည်

" ချွဲနေတာတွေရပ်လိုက်တော့ ငါနဲ့အပေါ်လိုက်ခဲ့"

ညှို့လည်း ပန်းရဲ့ လက်ကိုဆွဲပြီး ခေါ်လာခဲ့လိုက်သည်

" ဟဲ့ ခဏနေဦးလေ မေလှိုင်တို့ကို နှုတ်ဆက်ရဦးမယ် ဟဲ့ ဟဲ့ အရူးကောင် "

စွဲမက်လည်း သူမပြောနေတာကိုဂရုမစိုက်ဘဲ သူ့အခန်းဆီကိုပဲခေါ်လာတဲ့ ညှို့ကြောင့် စိတ်အချဥ်ပေါက်လာရသည်

" ဘာလဲ မကျေနပ်ဘူးလား "

" ဟုတ်တယ်လေ မေလှိုင်တို့က ဘယ်လောက်ကြာမှန်းမှမသိတာကို နှုတ်တောင်မဆက်လိုက်ရဘူး "

" အများဆုံး ၂လ ၃လကြာမှာပေါ့ ဒါကပုံမှန်ပဲကို"

" မသိဘူး ငါ့လက်ကိုအတင်းဆွဲလာတဲ့ နင့်ကိုစိတ်ဆိုးတယ် "

" ငါဖြေးဖြေးလေးဆွဲလာတာပါ ပန်းရာ "

" မသိဘူး စိတ်ဆိုးတယ် "

I adore you ( Complete ) Tempat cerita menjadi hidup. Temukan sekarang