" I Adore You "
~~~~~~~~~~~~
Part - 19
~~~~~~~
ဒီနေ့တော့ မနက်အစောကြီးကတည်းက သံယောဇဥ် အိပ်ယာစောစောထပြီးအလှပြင်ဆင်နေမိသည်ကိုနဲ့တွေ့ရင် ကို့ကိုပြေးဖက်ရင်ကောင်းမလား ဒါမှမဟုတ် နမ်းရင်ကောင်းမလား လူမြင်ကွင်းကြီးဆိုတော့လည်းမသင့်တော်ပါဘူး ဒီတိုင်းပဲသွားကြိုပြီး ကားပေါ်ရောက်မှပဲ နမ်းတော့မယ် အဟိ
သံယောဇဥ်ကတော့ စိတ်ကူးများနဲ့ ပျော်ရွှင်နေပြီး မျက်နှာကိုလည်းအလှပဆုံးဖြစ်အောင် ပြင်ဆင်နေမိသည်
ပြီးတာနဲ့ ကို့ကိုကြိုဖို့အတွက် လေဆိပ်ကိုအလှပဆုံးခြေလှမ်းများနဲ့ စတင်လိုက်တော့သည်
ထိုအချိန် ထွက်လာတဲ့ ခရီးသည်တွေကြားထဲကနေ ကို့ကို တွေ့လိုက်ရသည်
ကိုကလည်း သူမကိုလက်လှမ်းပြလေရဲ့
" ကို "
" ယော ရောက်နေတာ ကြာပြီလား "
" ဟင့်အင်း ခုနလေးကမှ "
" ကို့ကို အိမ်လိုက်ပို့ပေးဦး "
" ဟုတ် ပြီးတာနဲ့ဆေးရုံကိုတန်းသွားမှာလားကို "
ယောနဲ့ညှို့လည်း ကားရပ်ထားတဲ့နေရာဆီသို့ နှစ်ယောက်အတူယှဥ်တွဲသွားပြီး စကားတွေပြောနေလိုက်သည်
" ဟုတ်တယ် ယော ကိုပြန်လာတာ တခြားဘယ်သူမှမသိသေးဘူး ဒါကြောင့် ဒယ်ဒီနဲ့မာမီကို Suprise တိုက်မလို့ "
" အဟင်း ကောင်းသားပဲ ကိုရဲ့ ဒါနဲ့ယောတို့ညဘက်တွေ့လို့ရမလား "
" ကိုတို့တွေ့ကြတာပေါ့ "
ယောလည်း ပျော်သွားပြီး ကို့ရဲ့ လက်ကို သူ့ရဲ့လက်ဖဝါးများနဲ့ ဆုပ်ကိုင်လိုက်သည် တကယ်ကို gentleman ဆန်လာတဲ့ လူတစ်ယောက်ပင်
" ကိုညနေကျ တွေ့မဲ့နေရာ ယော message ပို့လိုက်မယ်နော် "
" အင်း "
အိမ်ထဲထိဝင်သွားသော ကို့ကို မျက်စိတစ်ဆုံးထိကြည့်ပြီးမှ ယောလည်း ကားကိုမောင်းထွက်သွားလိုက်တော့သည်
" ဟယ် ညှို့လေး "
" အဟင်း အံ့သြသွားလား ဒေါ်ဒေါ်မြ "

VOUS LISEZ
I adore you ( Complete )
Roman d'amourဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လေးက သူငယ်ချင်း ၂ယောက်ရဲ့ အကြောင်းကိုပဲ ဦးစားပေးရေးသားမှာပါနော်