" Congratulations ပါ စွဲမက်ရေ "
" ဟုတ်မနှိုင်း ကျေးဇူးပါရှင့် "
" အဟင်း မနှိုင်းကတော့ ငါ့ညီမလေးအတွက် ဗိုက်ဖုံးအကျီလေးတွေချုပ်ထားတော့မယ် "
" မလုပ်ပါနဲ့ မနှိုင်းရဲ့ "
" လက်ခံပါ စွဲမက်ရယ် အမကလုပ်ပေးချင်လွန်းလို့ ခဏနေရင်ဒီကို နှင်းအက္ခရာပါရောက်လာလိမ့်မယ် "
" မနှိုင်း အဲ့ဆရာမကတော်တော်ချောတယ်နော်"
" ဟုတ်တယ် စွဲမက်ရဲ့ ဒါကြောင့်လည်း သူယောကျာ်းမရသေးခင်တုန်းကဆို ကြိုက်တဲ့လူတွေကအများကြီး ကျောင်းသားတွေရော ဆရာတွေရော "
" အဲ့အမ ကလေးလေးမွေးလာရင်လည်း တော်တော်ချစ်ဖို့ကောင်းမှာနော် "
" အဟင်း ဟုတ်တယ် သူက အိမ်ထောင်သက် ၃နှစ်ရှိနေပေမဲ့ ကလေးကမယူသေးဘူး "
" ဟိတ် ဘာတွေပြောနေကြတာလဲ "
" အော် အမတောင်ရောက်လာပြီပဲ "
" ခုမှစာသင်ချိန်ပြီးလို့ တစ်ခုခုကျွေးပါဦး နှိုင်းရေ ငါဗိုက်ဆာနေပြီ "
" လက်ဖက်သုပ်လိုက်မယ် ဒါဆို "
" ကောင်းသားပဲ ဝိုင်းကူပေးရဦးမလား နှိုင်း "
" ရတယ် အက္ခရာရေ မဗိုက်နဲ့သာ စကားပြောနေလိုက် "
ပြောပြီးထွက်သွားတဲ့ မနှိုင်းကြောင့် စွဲမက်လည်းအရှက်ပြေရယ်လိုက်တယ်
" ဟောတော့ ညီမလေးက ကိုယ်ဝန်ရှိနေပြီလား "
" ဟုတ်အမ ၂လ ပဲရှိသေးတာ "
" ကလေးလေးက ညီမလေးနဲ့တူရင်တော့ တော်တော်ချစ်ဖို့ကောင်းမှာပဲ "
" ညှို့နဲ့ပဲ တူစေချင်တာ "
" ဒီကလေးမလေးကတော့နော် အရမ်းချစ်တတ်တာပဲ "
" ချစ်တာပေါ့ အမရဲ့ စွဲမက်တို့က ငယ်ချစ်တွေလေ အမတို့ကရော ဘယ်လိုတွေ့ကြတာလဲဟင် "
" အဟင်း အမတို့က မိဘတွေသဘောတူလို့ လက်ထပ်လိုက်ကြတာ "
" ဟင် အဆင်ရောပြေရဲ့လားဟင် အမ "
" ပြေတယ် ညီမလေးရဲ့ ယောက္ခမကလည်းသိပ်ချစ်တာလေ "
" အမကရော သူ့ကိုချစ်ရဲ့လား "
![](https://img.wattpad.com/cover/350847556-288-k266031.jpg)
ŞİMDİ OKUDUĞUN
I adore you ( Complete )
Romantizmဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လေးက သူငယ်ချင်း ၂ယောက်ရဲ့ အကြောင်းကိုပဲ ဦးစားပေးရေးသားမှာပါနော်