I Adore You
~~~~~~~~~~
Extra - 1
~~~~~~~
" ညှို့ရေ အလုပ်ကပြန်လာရင် ငါ့အတွက် စတော်ဘယ်ရီဝယ်ခဲ့ပေးဦး "" ကိုယ်နဲ့အတူတူစျေးဝယ်ထွက်ကြမလား "
" မဖြစ်ပါဘူး ညှို့ရယ် ညှို့ရဲ့သားက ညှို့အတိုင်းပဲ ငြိမ်ငြိမ်ကိုနေတာမဟုတ်ဘူး "
" မဟုတ်ပါဘူးကွာ သားက တကယ့်ကိုပန်းအတိုင်းပဲ "
" ညှို့နော် စိတ်ဆိုးလိုက်မှာ "
ချက်ချင်းကို မျက်နှာလေးစူပုတ်သွားတဲ့ ပန်းကြောင့် ညှို့လည်း ပါးထက်ကိုအနမ်းအရှည်ကြီးပေးအပ်လိုက်သည်။
" ညှို့ ရ ရပြီလေ "
" အဟက် ကိုယ့်ရဲ့ဇနီးလေး ညနေကျအလှပြင်ပြီးစောင့်နေ ကိုယ်စောစောပြန်လာခဲ့မယ် "
" အင်းအင်း ကားကိုဂရုစိုက်မောင်းဦးနော် ညှို့ "
" ဟုတ်ပါပြီဗျ "
Suit အပြည့်ဝတ်ဆင်ပြီး ထွက်သွားတဲ့ညှို့က ကလေးတစ်ယောက်အဖေလို့ကိုမထင်ရလောက်အောင် နုနယ်လွန်းသည်
ဒါပေမယ့်လည်း စွဲမက်ရဲ့ညှို့က ဖောက်ပြန်ခြင်းကင်းမဲ့တဲ့ယောက်ျားတစ်ယောက်ဆိုတာ သူမအသက်ထက်ပင် ယုံကြည်သည်။
" မားမား "
အပေါ်ထပ်ကနေ လုံးလုံး လုံးလုံးနဲ့ပြေးလာတဲ့ သားဖြစ်သူကို စွဲမက်လည်း လှေကားအောက်ခြေကနေ လက်လေးဖြန့်ပေးထားတော့ ချက်ချင်းပဲရင်ခွင်ထဲကိုတိုးဝင်လာတဲ့ အကောင်ပေါက်လေးရဲ့ ပါးလေးကို မွှေးကြူလိုက်သည်။
" ပါးပါးအလုပ်သွားပြီလားဟင် မားမား "
" ခုလေးတင်ပဲထွက်သွားတာ ကီကီရဲ့ "
" ဟင် ဟုတ်လား ကီကီက စက်ရုပ်လေးမှာလိုက်မလို့ကို "
" ကီကီ့မှာ အရုပ်တွေအများကြီးပဲရှိတယ်လေ "
" ဟုတ်ဘူး မားမားရဲ့ အဲ့အရုပ်က မနေ့ကမှ အသစ်ထွက်လာတာ Junction ကအရုပ်ဆိုင်မှာရှိတယ် မားမား "
" ရှင်လေးက ဘယ်ကနေတွေ့လာပြန်ပြီလဲ "
" ကီကီကတွေ့ပါဘူး မူကြိုကသူငယ်ချင်းတွေပြောနေကြတာ ကြားလို့ မားမားဝယ်ပေးပါလား "
YOU ARE READING
I adore you ( Complete )
Romanceဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လေးက သူငယ်ချင်း ၂ယောက်ရဲ့ အကြောင်းကိုပဲ ဦးစားပေးရေးသားမှာပါနော်