" I Adore You "
~~~~~~~~~~~~
Part - 22
~~~~~~~
" အန်ကယ် မင်းကို ယုံလို့ရတယ်မလား "
" အလုပ်နဲ့ပဲသက်သေပြမှာပါ အန်ကယ် အဓိက ကမင်းညှို့သျှင်ဆိုတဲ့လူ အောက်ဆုံးရောက်သွားဖို့ပဲ "
" ဟားဟား ဟုတ်ပြီကွာ အန်ကယ်တော့သဘောကျသွားပြီ "
" ဒီ ၁ရက် ၂ရက် နေရင် Product အသစ်ထုတ်ဖို့ရှိတယ် "
" Jewellery လား "
" ဟုတ်တယ် အန်ကယ် အဲ့ဒါတွေကိုတစ်ဖက်လှည့်နဲ့ ကျွန်တော်ယူလာပေးမယ် အန်ကယ်ကသာ မြန်မြန်လုပ်ဖို့အရေးကြီးတယ် "
" okay စိတ်မပူပါနဲ့ မင်းသာ မင်းတာဝန်ကိုကျေအောင်လုပ်ပါ "
ဝေယံထက်နဲ့ဦးမင်းထက်လည်း လက်ဝါးချင်းရိုက်လိုက်ကြတယ်
တစ်ယောက်က စိုင်းနောင်ကိုပစ်မှတ်ထားတယ်
တစ်ယောက်က မင်းညှို့သျှင်ကို
နောက်ဆုံးသူတို့ ပစ်မှတ်က Lotus Company ကိုပါပဲ
ယောကတော့ ကြားနေရတာတွေကိုတောင် မယုံကြည်နိုင်တော့ပါ သူမဒယ်ဒီက အဲ့လိုဖြစ်နေလိမ့်မယ်လို့ တစ်ခါမှမထင်ခဲ့ဘူးပါ
ပြီးတော့ ဟိုတစ်ယောက်ကလည်း Lotus ရဲ့ ဝန်ထမ်းဖြစ်ပြီး ရူးမိုက်လိုက်တာ
" ကျွန်တော်နောက်ဆုံးပြောချင်တာက စွဲမက်သျှင် ကိုတော့ ဘာတစ်ခုမှမထိခိုက်စေချင်ဘူး "
" စိတ်ချပါ အန်ကယ့် target က Lotus ကိုပါပဲ "
ယောလည်း ထပ်ကြားရသော စကားတွေကြောင့် ပိုပြီးအံ့အားသင့်သွားတယ်
အစကတော့ ကို့ကိုပြောဖို့ဆုံးဖြတ်ထားပေမဲ့ အခုကတော့ ရည်ရွယ်ချက်မတူပေမဲ့ ဦးတည်ရာကတူနေတော့ shut up ပဲ
———————————————
" ဖေစိုင်းမျက်နှာက ပြုံးရွှင်နေတာပဲနော် "
" သမီးဖေစိုင်းက အိမ်ကိုလွမ်းနေတာလေ ဒီလကုန်ရင်ပြန်ရတော့မှာမို့လို့ပျော်နေတာ "
" အိမ်ရောက်ရင် သမီးက ဟင်းကောင်းကောင်းချက်ကျွေးမယ်နော် "
" ပန်းလေးက ဘယ်တုန်းက ဟင်းချက်တတ်သွားတာလဲ "
မေမီသမီးဖြစ်သူစကားကြောင့် ဝင်မေးလိုက်တယ်
YOU ARE READING
I adore you ( Complete )
Romanceဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လေးက သူငယ်ချင်း ၂ယောက်ရဲ့ အကြောင်းကိုပဲ ဦးစားပေးရေးသားမှာပါနော်
