အပိုင်း ( ၃၄ )

6.9K 120 4
                                    

" OMG ငါ ငါ suprise တိုက်ခံနေရတာလား "

ခဏကြာတော့ အရုပ်တွေက ကိုယ့်ဆီလာပြီး ပန်းတစ်ပွင့်စီလာပေးပြီး ပန်ဒါအရုပ်လေးက လက်ဖြန့်ပေးတာကြောင့် စွဲမက်ရဲ့လက်ကို ပန်ဒါရဲ့လက်ထဲ ထည့်ပေးလိုက်တယ်

စကားတစ်ခွန်းမှမပြောဘဲ သူတို့ခေါ်တဲ့နောက်ကို လိုက်သွားတော့ အရှေ့မှာ တွေ့လိုက်ရတဲ့အရာကြောင့် ထပ်ပြီး အံ့သြမိသွားသည်

အတွဲညီညီ သံစဥ်နဲ့အလိုက် စုံတွဲအက ကနေကြတဲ့ သူတွေကိုကြည့်ပြီး စွဲမက်လည်းပြုံးလိုက်တယ်

" အဟင်း Lotus က ဝန်ထမ်းတွေပဲ "

သူတို့ကနေတာက အရမ်းကြည့်ကောင်းတာကြောင့် စွဲမက်လည်း မှင်သက်ပြီးကြည့်နေလိုက်တယ်

သံစဥ်နောက်တစ်မျိုးထပ်ပြောင်းသွားတော့ သူတို့တွေလည်း ကတာကိုရပ်လိုက်ကြပြီး ကိုယ့်ဆီကိုလျှောက်လာပြီး ပန်ဒါလေးတုန်းကလို လက်ကမ်းလာတာကြောင့် လက်ထည့်ပေးလိုက်တယ်

စွဲမက်လည်း သူတို့ခေါ်တဲ့နောက်ကို ထပ်ပြီးလိုက်သွားလိုက်တယ်

တဖြည်းဖြည်းနဲ့ စွဲမက်အနောက်မှာလည်း လူတွေများလာတော့တယ်

လမ်းလျှောက်တာတောင် သပ်သပ်ရပ်ရပ် စီစီရီရီလျှောက်လာတဲ့ သူတို့တွေကြောင့် သေချာလေ့ကျင့်ထားမှန်း သတိထားမိလိုက်တယ်

"' ဒါဆို ညှို့က ပြင်ဦးလွင်သွားတာ ဒါကိုပြင်ဆင်ဖို့လား "

ထိုအသိနဲ့အတူ ရင်တစ်ခုလုံးဟာလည်း ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်သွားပြီး မျက်ရည်များဝဲလာရတယ်

နောက်တစ်နေရာရောက်တော့ သံစဥ်လေးကလည်း ခပ်မှန်မှန်လေးထွက်ပေါ်နေပြီး ဖြတ်ခနဲဆိုသလို ပုံရိပ်တွေကိုမြင်လာရတယ်

"' ပန်းနဲ့ကိုယ်တွေ့ဆုံလာတာ ၂၃ နှစ်တောင်ရှိပြီ "'

"' ကိုယ်ငယ်ငယ်လေးကတည်းက ပန်းမရှိရင်မနေတတ်ခဲ့ဘူး နောက်မှသိလာရတာက ကိုယ်ပန်းကို ချစ်နေမိပြီဆိုတာပဲ "'

ပုံလေးတွေနဲ့အတူ သူရေးတဲ့စာလေးတွေကြောင့် မျက်ရည်များကျလာရသည်

I adore you ( Complete ) Dove le storie prendono vita. Scoprilo ora