အပိုင်း ( ၂၇ )

10.2K 165 10
                                    

" I Adore You "
~~~~~~~~~~~~~
Part - 27
~~~~~~~
"ညှို့ ခေါက်ဆွဲပြုတ်လုပ်ကျွေး "

" ဒါဆို အာဘွားပေး "

" ခုနကပဲ အများကြီးပေးထားတာကို "

" အခုတစ်ခါထပ်ပေး "

" ဟွန့် အရမ်းလောဘကြီးတာပဲ "

ပန်းဆီကအာဘွားမရမချင်း ပန်းရဲ့ လည်ပင်းသားလေးများကို နမ်းရှိုက်ပြီး ဂျီကျနေလိုက်တယ်
( ညှို့ရဲ့ ဂျီကျနည်းလေးက အဆန်းနော် 😂 )

" ညှို့နော် ယားတယ်လို့ ခစ် ခစ်... "

" ဒါဆို အာဘွားပေးလေ ကိုယ့်ကို "

စွဲမက်လည်း သူကျေနပ်အောင် ပေးလိုက်ရလေသည်

ပန်းဆီကအနမ်းရတာနဲ့ သူ့ရဲ့မျက်နှာလည်း ပျားရည်လောင်းထားသလိုချိုမြသွားပြီး ပန်းအတွက်ခေါက်ဆွဲပြုတ်လုပ်ဖို့ ပြင်ဆင်လိုက်တယ်

" ပန်း ခေါက်ဆွဲထဲ ဘာတွေထည့်ချင်လဲ "

" အင်း..... ပဲပြားရယ် မုန်ညင်းရွက်ရယ် ပုစွန်ရယ် အမဲသားရယ် ကြက်ဥက မကျက်တကျက်လေး အင်း....ဒါပဲ "

သူလည်း နှုတ်ခမ်းနားမှာ လက်ညှိုးလေးထောက်ကာ ခေါက်ဆွဲပြုတ်ထဲထည့်မယ့် အရာများကို တစ်ခုချင်းစီပြောနေသောပန်းကြောင့် အသည်းယားလာပြီး နှုတ်ခမ်းလေးကို ဖြတ်ခနဲနမ်းလိုက်တယ်

" ညှို့နော် "

" ပန်းက အရမ်းချစ်စရာကောင်းနေလို့ "

စွဲမက်လည်း တအားတွေဖြစ်နေတဲ့သူ့ကြောင့် မျက်စောင်းထိုးပစ်လိုက်တယ်

သူကတော့ ဘာကိုမှဂရုမစိုက်စွာ သူလုပ်စရာရှိသည်များကို လုပ်နေတယ်

ခဏကြာတော့ ခေါက်ဆွဲပြုတ်ရလာတာကြောင့် သူမလည်းစားဖို့ပြင်ဆင်လိုက်တယ်

" ကိုယ်လည်း တူတူစားမယ် "

" နည်းနည်းပဲစားနော် "

" ၃လုတ်ပဲ စားမှာ "

" ဒါဆိုလည်း ပြီးရော "

ဒီလိုနဲ့ သူတို့ ၂ယောက်လည်း ခေါင်းချင်းဆိုင်ပြီး စားလိုက်ကြတယ်

စွဲမက်မှာတော့ ၃လုတ်စားပြီး ပြောင်သလင်းခါသွားသော ပန်းကန်ကိုကြည့်ကာ အံ့သြနေမိသည်

I adore you ( Complete ) Where stories live. Discover now