" ဘယ်လိုလဲ အကြံဥာဏ်တွေရကြပြီလား "
" ဟုတ်ကဲ့ CEO ကျွန်တော်တို့အားလုံးစဥ်းစားထားတာရှိပါတယ် "
အဖွဲ့ထဲမှ အကြီးဆုံးလူက ထပြောတာကြောင့် သူလည်းခေါင်းညိတ်လိုက်တယ်
ဒီ meeting မှာ ပန်းကလွဲပြီး ဒယ်ဒီတို့မာမီတို့ရော သူငယ်ချင်းတွေပါရှိနေကြတယ်
ပန်းကိုတော့ မနှိုင်းဆီ အကူအညီတောင်းပြီးအပ်ထားခဲ့ရတယ်
" ပြင်ဦးလွင်ကို ကျွန်တော်တို့က ကြိုသွားပြီး အရင်ဇာတ်တိုက်ရမယ် CEO
ပြီးရင် စွဲမက်လေးကို ညနေခင်းမှာ CEO တို့မိသားစုတွေက လျှောက်လည်မယ်ဆိုပြီး ခေါ်ခဲ့လိုက်မယ်
ပြီးရင်......... "
အကုန်လုံးကလည်း ခေါင်းညိတ်လိုက်ကြတယ်
" အင်း ဆိုးတော့မဆိုးပေမဲ့ ကျွန်တော်သိပ်မကြိုက်သေးဘူး "
" ဒါဆို သားက ဘယ်လိုလုပ်ချင်တာလဲ "
" ကျွန်တော့် plan က.......... "
" နည်းနည်းရိုးရှင်းနေသလားလို့ "
" ဟုတ်တယ် ညှို့ ငါ့စိတ်အထင် မင်း plan ကလဲ ရိုးရှင်းတယ် "
" နင်တို့ plan ၂ခုကို ပေါင်းလိုက်ရော "
" ဟုတ်တယ်ဟ ဝတ်လွှာပြောတဲ့အတိုင်းက ပိုအဆင်ပြေမယ် "
" ဒါဆိုလည်း ကျွန်တော်တို့ အစီအစဥ်ပြန်ဆွဲကြရအောင် "
မြူနှင်းနဲ့ဝတ်လွှာက သူတို့ပြောတဲ့အစီအစဥ်တွေကို တစ်ခုစီချရေးရတဲ့ တာဝန်ကိုယူထားရတယ်
ဒီ propose ကို သေသေချာချာလုပ်ဖို့ ညှို့ရဲ့ဒယ်ဒီက သူ့သူငယ်ချင်း ဒါရိုက်တာကိုပါ အကူအညီတောင်းထားတော့ အဲ့ဒါရိုက်တာပါ ဒီမှာရှိနေတာကြောင့် meeting က ကြာသထက်ကြာသွားတယ်
" ဒါဆို ဒီအတိုင်းပဲ ကျွန်တော်သတ်မှတ်လိုက်ပြီ "
" ဟုတ်ကဲ့ပါ CEO "
သူတို့တွေအကုန်လုံးလည်း လက်ဝါးချင်းရိုက်လိုက်ကြတယ်
ထိုနေ့ရောက်ဖို့အတွက်လည်း အကုန်လုံးရင်ခုန်နေကြတယ်
-
-
-
-
" ဟင် ဒါဆို ညှို့နဲ့အကြာကြီးခွဲရမှာပေါ့ "
KAMU SEDANG MEMBACA
I adore you ( Complete )
Romansaဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လေးက သူငယ်ချင်း ၂ယောက်ရဲ့ အကြောင်းကိုပဲ ဦးစားပေးရေးသားမှာပါနော်