I Adore You
~~~~~~~~~~
Part - 5
~~~~~~~
" သားရေ ကျောင်းသွားရင် သမီးလေးကိုဝင်ခေါ်လိုက်ဦးနော်
" ဟုတ်မာမီ မေမြတ်နဲ့ဖေထွဋ်က ပြန်မလာသေးဘူးလား "
" သဘက်ခါမှပြန်ရောက်မှာ "
" ဒါဆို သား ပန်းရဲ့အိမ်သွားနှင့်လိုက်တော့မယ် မာမီ "
" ပန်းလေးကြိုက်တဲ့ မုန့်ပါယူသွားဦး "
ညှို့လည်း မာမီထည့်ပေးလိုက်တဲ့ မုန့်ကိုယူပြီး တစ်ဖက်အိမ်ကို ကူးလာခဲ့လိုက်သည်။ မိဘတွေက အလွယ်တကူဝင်ထွက်လို့ရအောင် ဟိုဘက်အိမ်နဲ့ဒီဘက်အိမ်ကို တံခါးပေါက်လေးလုပ်ပေးထားတာမို့ သွားရလာရတာ အချိန်အရမ်းမကြာပေ
ညှို့အိမ်ထဲကိုရောက်တော့ မိပြာယာကို တွေ့လိုက်ရသည်။ တကယ်တော့သူ့နာမည်အရင်းက ခင်ခင်လေး သူ့ကိုကြည့်ရင်အမြဲပြာယာခတ်နေလို့ ကြီးမေကမိပြာယာဆိုပြီး မှည့်လိုက်တာ အကုန်လုံးပါးစပ်ထဲမှာ မိပြာယာလို့ပဲခေါ်ကြတာ ကြာပြီဖြစ်၏
" ပြာယာ ပန်းရော "
" ရှင် ဘာပန်းလဲ ကိုကိုလေး "
" ဘာပန်းရှိရမှာလဲကွ "
ညှို့ နည်းနည်းလောက်ဟောက်ပေးလိုက်မှ သူ့ဘာသာမနည်းစဥ်းစားပြီး အဖြေထွက်လာဟန်တူ၏
" မမလေးပန်းကိုပြောတာလား "
ညှို့ခေါင်းညိတ်ပြလိုက်တော့ ကြီးမေအခန်းထဲမှာရှိတယ်ဆို၍ ကြီးမေအခန်းထဲကို ဝင်ခဲ့လိုက်သည်
" အဆင်သင့်လိုက်တာ ညှို့လေးရယ် "
" ဘာဖြစ်လို့လဲ ကြီးမေ "
" ဒီမှာလေကွယ် ကြီးမေဆံပင်စည်းပေးတာ မကြိုက်လို့တဲ့ နှုတ်ခမ်းဆူနေလေရဲ့ "
" ကြီးမေက ညှို့စီးပေးသလိုမှ မစီးပေးတာကို "
" ဟုတ်ပါပြီပန်းရယ် ငါစီးပေးမယ် "
" သူ့အခန်းဆီကိုပဲခေါ်သွားလိုက် ညှို့ရေ အရှုပ်ထုတ်လေးက ကြီးမေကိုရစ်နေတာ "
" ဟုတ်ကဲ့ ကြီးမေ "
ညှို့လည်း ပန်းရဲ့လက်ကိုဆွဲပြီး အပေါ်ထပ်ကိုတက်လာခဲ့လိုက်သည်
ESTÁS LEYENDO
I adore you ( Complete )
Romanceဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လေးက သူငယ်ချင်း ၂ယောက်ရဲ့ အကြောင်းကိုပဲ ဦးစားပေးရေးသားမှာပါနော်
