" I Adore You "
~~~~~~~~~~~~
Part - 23
~~~~~~~
" သား productအသစ် meeting မှာပြတဲ့နေ့ကျ ဖေထွဋ်ပါလာခဲ့မယ် "
" ဟုတ်ကဲ့ ဖေထွဋ် အဲ့နေ့ရောက်ရင် ဝေယံထက်ဆိုတဲ့လူကို အနည်းငယ်ထိုးကျွေးလိုက်မယ် "
" အဲ့ဒါဆို နောက်ထွက်မဲ့ design အတွက်ကရော ဘယ်လိုစီစဥ်ထားကြလဲ "
" ပန်းဆီက design တွေယူသုံးဖို့ဆုံးဖြတ်ထားတယ် ဖေထွဋ် "
" ဟေ ကောင်းသားပဲကွ ဒီနှစ်တွေအတွင်း ပန်းလေးက ပျင်းတိုင်းအဲ့ဒါတွေပဲဆွဲနေတာ "
" ပန်းဆီကနေတော့ ကျွန်တော်ခွင့်ပြုချက်မတောင်းရသေးဘူး ဒါကြောင့်အရံအနေနဲ့လည်း ဆွဲထားတဲ့ပုံတွေရှိပါတယ် "
" ပန်းလေးက ပေးမှာပါ အဲ့ကိစ္စကိုတော့စိတ်မပူပါနဲ့ ဖေထွဋ် ပန်းလေးကိုပြောလိုက်မယ် "
" ဟုတ်ကဲ့ဖေထွဋ် ပန်းက ကျွန်တော့်ကိုစိတ်ဆိုးနေတာ "
" အေးကွာ ဟိုတစ်ခါကလိုတော့ မငိုနဲ့တော့ပေါ့ "
" ဟာဗျာ ဖေထွဋ်ကလည်း ဒါဆိုကျွန်တော် သွားတော့မယ် "
" အော်ဒါနဲ့ဖေထွဋ်ပြောဖို့ကျန်သေးတယ် "
" ဟုတ် ပြောလေ "
" မနက်ဖြန် ပန်းလေးတို့ကျောင်းမှာ တက္ကသိုလ်
(...)နှစ်ပြည့်အထိမ်းအမှတ်အတွက်ဆိုပြီး အဆိုအက ပြိုင်ပွဲရှိတယ်ပြောတယ် ပန်းလေးလည်းပါထားတယ်တဲ့ အဲ့ဒါမနက်ဖြန်လိုက်ခဲ့ဦး "
" ဟုတ်ကဲ့ဖေထွဋ် ပန်းက ကျွန်တော့်ကိုတော့ဘာမှမပြောဘူး "
" မင်းကိုစိတ်ဆိုးနေတာကိုးကွ "
ညှို့လည်း ရယ်မိလိုက်တယ်
" မနက်ဖြန်ကျွန်တော် ကျောင်းကို ကိုယ့်ဘာသာပဲလာခဲ့လိုက်ပါ့မယ် "
" ဟုတ်ပြီ ညှို့လေး "
" အခု ဒယ်ဒီ့ကိုသွားကြိုတော့မယ် ဖေထွဋ် "
" အေးအေး ကောင်းပြီ ဖေထွဋ်ကတော့ ပန်းလေးနဲ့အိမ်မှာပဲစောင့်နေတော့မယ် "
" ဟုတ် "
ညှို့လည်းဖေထွဋ်နဲ့ စကားပြောပြီးတာနဲ့ထွက်လာခဲ့လိုက်တယ်
.......
ဆေးရုံကိုရောက်တော့ ဒယ်ဒီတို့က ပြန်ဖို့ကိုတက်ကြွနေသည်ပင်
YOU ARE READING
I adore you ( Complete )
Romanceဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လေးက သူငယ်ချင်း ၂ယောက်ရဲ့ အကြောင်းကိုပဲ ဦးစားပေးရေးသားမှာပါနော်
