အပိုင်း ( ၃၆ )

11.2K 151 6
                                        

" ညှို့ ခဏနေ မနှိုင်းဆီသွားရဦးမယ် "

" ဘာလို့လဲ ပန်း "

" ဒီနေ့ Lotus က ဝန်ထမ်းတွေကို design အသစ် ဘယ်လိုချုပ်လဲဆိုတာ သင်ပြမှာ "

" ပန်း မပင်ပန်းဘူးလားဟင်
စာရင်းလည်းလုပ်တယ် bakery သင်တန်းလည်းတက်တယ် မနှိုင်းဆီကလည်း သိုးမွှေးထိုးတာရော အကျီချုပ်တာရောသင်တယ် "

" မပင်ပန်းပါဘူး စာရင်းကလည်း ငါလုပ်တာမဆိုသလောက်လေး bakeryကလည်း တစ်ရက်မှ ၂နာရီထဲ သိုးမွှေးကျတော့ ငါပျင်းမှထိုးတာ အကျီချုပ်တာကလည်း မနှိုင်းက တစ်ခုခုလုပ်ခိုင်းမှ "

" ကိုယ့်ရဲ့ ပန်းလေး ပင်ပန်းနေတော့မှာပဲ "

" မပင်ပန်းပါဘူးဆို "

စွဲမက်နာရီကိုကြည့်လိုက်တော့ break time အချိန်ကုန်ပြီဖြစ်တာကြောင့် ညှို့ရဲ့ရုံးခန်းထဲကနေ ထွက်ဖို့ပြင်လိုက်တယ်

" ညှို့ မနှိုင်းဆီသွားတော့မယ် "

" ကိုယ့်ကို အာဘွားပေးပါဦး မိန်းမရဲ့ "

" အာဘွား အာဘွား အာဘွား အာဘွား "

ညှို့လည်း ပန်းဆီကနေ အာဘွားအများကြီးရလိုက်တာကြောင့် ကျေနပ်သွားတယ်

" ပြီးရင် ချက်ချင်းတန်းပြန်မှာလား ပန်း "

" အင်းပေါ့ ညှို့ရဲ့ မနှိုင်းနဲ့အတူတူပြန်လိုက်မို့ "

" ပြန်ခါနီးရင် ကိုယ့်ကိုလာပြောဦးနော် "

" အွန်းပါ ညှို့ရဲ့ "

ပြောပြီးတာနဲ့ထွက်သွားတဲ့ပန်းကြောင့် သူလည်းစာရင်းတွေပြန်လုပ်နေလိုက်တယ်

" ကဲ လူစုံပြီဆိုတော့ စလိုက်ကြရအောင် "

Lotus က ဝန်ထမ်းတွေနဲ့အတူ စွဲမက်လည်း မနှိုင်း ရှင်းပြတာကို သေသေချာချာနားထောင်လိုက်တယ်

" ဒီဘက်ကို ဝိုက်လိုက်တာနဲ့ ဒါကပထမအဆင့်ပြီးသွားပြီ

ညှပ်ကြည့်ကြမယ်နော် အကုန်လုံး "

သူတို့တွေလည်း မနှိုင်းသင်ပြသလို တဆင့်ချင်းစီ လုပ်လိုက်တော့ ထွက်လာတဲ့ပုံစံကြောင့် ကျေနပ်သွားရတယ်

I adore you ( Complete ) Where stories live. Discover now