" I Adore You "
~~~~~~~~~~~~
Part - 14
~~~~~~~
" ကိုသီဟ ကျွန်တော် အခု mail ပို့လိုက်ပြီ ကြည့်လိုက်ဦးနော် "" ဟုတ်ပြီ ငါ့ညီ အကိုအခုကြည့်လိုက်မယ် မင်းကျောင်းမှာမလား "
" ဟုတ်တယ် အကို "
" စာလည်းလုပ်ပါဦး ငါ့ညီရ အလုပ်ပဲလုပ်မနေနဲ့ဦး "
" ကျွန်တော်ဒီ project အောင်မြင်မှ ဖြစ်မှာမို့လို့ အကို "
" ဖြစ်မှာပါကွ အကိုတော့ယုံကြည်တယ် "
" ဒါဆို ကျွန်တော်ဖုန်းချလိုက်ပြီနော် ကိုသီဟ "
" အေးအေး ငါ့ညီ "
ညှို့လည်း အလုပ်ကိစ္စပြီးတာနဲ့ Canteen ကိုထွက်လာခဲ့လိုက်သည်
" ညှို့သျှင် ခဏနေပါဦး "
ညှို့လည်း သံယောဇဥ်က သူ့နောက်ကိုလိုက်ပြီးပြောလာတာမို့ ခဏရပ်နေလိုက်သည်
" ဘာလို့ ယောကို ရှောင်ဖယ်နေတာလဲ "
" ကျွန်တော်အစကတည်းက ဒီတိုင်းပဲနေခဲ့တာပါ ဘာမှပြောစရာမရှိဘူးဆို ကျွန်တော့်ကိုခွင့်ပြုပါဦး "
" ခဏလေးပါ ညှို့သျှင် "
ယောလည်း ညှို့ရဲ့လက်ကို သူ့ရဲ့လက် ၂ဖက်နဲ့ ဆွဲထားပြီး ပြောလိုက်သည်
" လက်လွှတ်ပြီး ပြောပါ "
" ဟင် အင်း "
ထိုအခါမှ ယောလည်း လက်ကိုလွှတ်လိုက်သည်
" ယောပြောချင်တာကလေ ယော ယော ညှို့ကို သဘောကျတယ် "
" ဒါပဲမလား "
လှည့်ထွက်သွားဖို့ပြင်နေသည့် ညှို့ကြောင့် လက်ကိုထပ်မံဆွဲထားလိုက်သည်
" တကယ်လို့များ ညှို့သျှင် ယောနဲ့တွဲချင်စိတ်ရှိရင် ယောဆီလာခဲ့ပါနော် "
ယောစကားပြောပြီးတာနဲ့ ချက်ချင်းတန်းထွက်သွားသော ညှို့ကိုကြည့်ပြီး မျက်ရည်များဝဲလာရသည်
" ယော ရှင့်ကို ချစ်မိနေပြီထင်တယ် ညှို့သျှင်ရယ် "
.....
" ညှို့ကလည်းနော် အကြာကြီးပဲ ဒီမှာလင်းလက်က ငါ့ကိုအနိုင်ကျင့်နေတာ "" ဟေ့ကောင် လင်းလက် မင်းဘာတွေအနိုင်ကျင့်နေတာလဲ "
" ငါကအနိုင်ကျင့်တာလား သူကပဲအနိုင်ကျင့်တာလား မသဲကွဲတော့ဘူး "
ВЫ ЧИТАЕТЕ
I adore you ( Complete )
Любовные романыဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လေးက သူငယ်ချင်း ၂ယောက်ရဲ့ အကြောင်းကိုပဲ ဦးစားပေးရေးသားမှာပါနော်