အပိုင်း ( ၃၂ )

10.8K 182 1
                                        

" မာမီ သမီးက ညှို့နဲ့သက်သက်သွားမှာနော် မာမီတို့က မာမီတို့ဘာသာသက်သက်သွားနော် "

" သိပါတယ် ပန်းလေးရဲ့ "

" ဟုတ် မာမီ ဒါဆို မာမီတို့သွားနှင့်ကြလေ "

" သော့သေချာခတ်ခဲ့နော် ပန်းလေး "

" အင်းပါ မာမီရဲ့ "

မာမီတို့ထွက်သွားပြီဆိုတာနဲ့ စွဲမက်လည်း ညှို့ရဲ့အခန်းဆီလာခဲ့လိုက်တယ်

အဝတ်ဗီဒိုရှေ့မှာရပ်နေတဲ့ ညှို့ကိုတွေ့တာကြောင့် စွဲမက်လည်း ညှို့အနားသွားလိုက်တယ်

" ညှို့ဘာလုပ်နေတာလဲဟင် "

" ပုဆိုးဘာဝတ်ရင်ကောင်းမလဲ စဥ်းစားနေတာ "

" ငါနဲ့ဆင်တူပဲဝတ်လိုက်လေ ငါကအဖြူနဲ့အနီဆိုတော့ ညှို့လည်း ရှပ်အဖြူနဲ့ ပုဆိုးနီညိုလေးဝတ်လိုက် "

စွဲမ​က်လည်း ပါးစပ်ကလည်းပြောရင်း လက်ကလည်းထုတ်ပြီးသားပင်

" ပန်းခန္ဓာကိုယ်လေးက အချိန်တိုင်း မွှေးနေတာပဲ "

" နမ်းနေတာရပ်ပြီး အကျီအရင်ဝတ်ပါ ညှို့ရဲ့ "

" ကိုယ့်ကို ကြယ်စေ့တပ်ပေး "

စွဲမက်မှာ သူ့အလိုကျလုပ်ပေးရပြန်တယ်

" မှန်ထဲကြည့်လိုက် ပန်း
ကိုယ်တို့ ၂ယောက်က တကယ်လိုက်ဖက်တယ်နော် "

ပန်းရဲ့ခါးလေးကို နောက်ကျောကနေဖက်ထားပြီး ပန်းရဲ့ပခုံးပေါ်ကို သူ့မေးလေးတင်ထားပြီး မှန်ထဲကနေ ထိုပုံရိပ်ကို ပန်းကိုပြလိုက်တယ်

" ငါလေ ညှို့ကို အရမ်းချစ်တာပဲသိလား "

" ကိုယ်လည်း အရမ်းချစ်တယ် အာဘွား "

" အဟင်း တော်တော့လေ ညှို့ရဲ့ နောက်ကျနေတော့မယ် မြန်မြန်သွားကြရအောင် "

" ဟုတ်ပါပြီဗျာ အိမ်ပြန်ရောက်မှ အဝနမ်းမယ် "

" ဟွန့် လူဆိုးကြီး "

" ချစ်လို့ဆိုးတာပါ ပန်းရဲ့ မငြိုငြင်ရဘူး "

သူ့ကို မျက်စောင်း​လေးထိုးပြီး ထွက်သွားတဲ့ ပန်းကြောင့် သဘောကျကာ ရယ်လိုက်မိတယ်

I adore you ( Complete ) Where stories live. Discover now