အပိုင်း ( ၁၈ )

8.7K 157 4
                                    

" I Adore You "
~~~~~~~~~~~~
Part - 18
~~~~~~~
"သမီး ဒယ်ဒီ နောက်၃လ ကြာရင် ပြန်လာခဲ့မယ်"

" တကယ် တကယ်လား ဒယ်ဒီ မောင်လေးကိုရောခေါ်လာခဲ့မှာလား "

" အင်း ကျန်းမာရေးကောင်းပြီဆိုတော့ ခေါ်လာလို့ရပြီ သမီးအဲ့မှာ အဆင်ပြေရဲ့လား "

" ဟုတ် ပြေပါတယ် ဒယ်ဒီ တစ်ယောက်တည်းနေရတာကလွဲလို့ပေါ့ "

" အဲ့ကိစ္စနဲ့ပတ်သက်ရင်တော့ ဒယ်ဒီ သမီးကိုတောင်းပန်ပါတယ် "

" ရပါတယ် ဒယ်ဒီ နေသားကျနေပါပြီ မောင်လေးကိုသာ ပြန်လာဖြစ်ရင် ခေါ်လာခဲ့ပါ "

" စိတ်ချပါ ဒယ်ဒီခေါ်လာခဲ့မှာပါ "

" ဒါဆို ဖုန်းချလိုက်တော့မယ် ဒယ်ဒီ "

သံယောဇဥ်လည်း ဖခင်​ဖြစ်သူနဲ့ဖုန်းပြောပြီး​တာနဲ့ ဖုန်းကိုတန်းချပစ်လိုက်သည်

သူ့အတွက် ဒယ်ဒီကလိုမှမလိုအပ်ဘဲ
အခုက " ကို " ဆိုတဲ့လူသားလေး သူမဘေးနားမှာရှိရင် အဆင်ပြေနေပါပြီ

ကိုနဲ့ချစ်သူဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ရွှေပိုးအိမ်နဲ့တော့ ကတောက်ကဆဖြစ်သွားခဲ့သည်

" ဘယ်လို နင်တို့တကယ်ကြီးချစ်သူဖြစ်သွားကြတာလား "

" ဘာလဲ မယုံတာလား "

" အင်း ငါမယုံကြည်နိုင်သေးဘူး "

" ညှို့သျှင် မြန်မာပြည်ပြန်လာရင် နင်လည်းဒီကိုအလည်လာခဲ့ပေါ့ ငါမိတ်ဆက်ပေးမယ် "

" OMG! အတည်ကြီးပေါ့ "

" ဟုတ်ပါတယ်ဆို "

" ok ok ညှို့ မြန်မာပြည်ရောက်တာနဲ့ ငါ့ကိုအကြောင်းကြားလိုက် ငါလာခဲ့မယ် "

" ဟုတ်ပြီ "

" ဒါနဲ့ နင်သူ့ကို ချစ်မိသွားသေးလား "

" အင်း ငါသူ့အပေါ်ကိုတွယ်ငြိနေပြီ သူကငါ့ဘဝရဲ့ အလင်းတန်းပဲ "

" ယော နင်နဲ့ငါနဲ့ သဘောတူထားတဲ့ကိစ္စမှာ ဒီဟာမပါဘူးလေ ငါက စွဲမက်သျှင်ကိုပဲခံစားစေချင်တာ "

" ငါနဲ့ညှို့သျှင်နဲ့တွဲတာကို သိလိုက်ရင် သူတော်တော်ခံစားသွားမှာပါ လောင်းရဲတယ် "

I adore you ( Complete ) Tempat cerita menjadi hidup. Temukan sekarang