" I Adore You "
~~~~~~~~~~~~~
Part - 21
~~~~~~~
" ကိုတို့တောင် ရောက်လာကြပြီပဲ "ယော အိမ်ထဲကနေထွက်လာရင်း စွဲမက်ရှေ့မှာတင် ကို့ရဲ့လက်ကိုပိုင်ပိုင်နိုင်နိုင်ချိတ်လိုက်သည်
" စွဲမက် အနောက်ကနေ လိုက်လာခဲ့နော် "
အရှေ့ကနေ အတွဲညီညီထွက်သွားသော သူတို့ ၂ယောက်ကြောင့် လိုက်လာမိတာမှားပြီလားဆိုတဲ့ အတွေးကဖြတ်ခနဲဝင်လာခဲ့၏
ထမင်းစားခန်းထဲကိုတန်းဝင်သွားတဲ့ ၂ယောက်ကြောင့် သူမပါလိုက်ဝင်ခဲ့လိုက်သည်
" ယောတို့အိမ်မှာ ဘယ်သူမှလည်းမတွေ့ရပါလား "
" လူရှုပ်မှာစိုးလို့ ကိုရဲ့ သူတို့အခန်းထဲမှာတော့ ရှိကြတယ် စွဲမက်ထိုင်နော် တို့နဲ့ကိုနဲ့ကတော့ ဒီဘက်မှာထိုင်လိုက်မယ် "
ညှို့ ပန်းရဲ့မျက်နှာကိုကြည့်လိုက်တော့ အနည်းငယ်ညှိုးလို့နေ၏
" အိမ်ပြန်မလား ပန်း ကိုယ်လိုက်ပို့ပေးရမလား "
" ဟင့်အင်း ရပါတယ် "
" လွတ်လွတ်လပ်လပ်နေပါ စွဲမက်ရဲ့ ဒီမှာဘယ်သူမှမရှိပါဘူး "
ယောမှ ကြားထဲကနေ ဖြတ်ပြောလိုက်သည်
" အင်း "
" ဒါဆို ယော ဟင်းပွဲတွေချလိုက်တော့မယ်နော်
စွဲမက် တို့ကို ကူပေးပါဦး "အိမ်ရှင်က အကူညီတောင်းနေတော့လည်း ထိုင်ရာကနေထပြီး သူ့အနောက်ကိုလိုက်သွားရတော့တယ်
ညှို့ကတော့ ထိုအချိန် အိမ်ရဲ့အခြေအနေကို အကဲခတ်ပြီးကြည့်နေလိုက်သည်
" စွဲမက် မျက်နှာလည်းမကောင်းပါလား ဘာဖြစ်လို့လဲဟင် "
" ဘာမှမဖြစ်ပါဘူး "
" ဒီနေ့က တို့နဲ့ကိုရဲ့ ချစ်သူသက်တမ်း ၇လ ပြည့်တဲ့အနေနဲ့ စွဲမက်ကို ညစာဖိတ်ကျွေးတာ "
" အင်း "
" ပြီးရင် တို့ ၂ယောက်ကို ဓာတ်ပုံရိုက်ပေးဦးနော်"
" နင်စကားအရမ်းများတာပဲ ဟင်းပွဲတွေပေး ငါရွှေ့သွားလိုက်မယ် "
" ဒါဆိုလည်း ဟိုစားပွဲပေါ်က ဟာတွေရွှေ့သွားပေးနော် "
စွဲမက်လည်း ဟင်းပွဲတွေကို ထမင်းစားခန်းထဲလာချလိုက်တော့ ညှို့က ကိုယ့်ကို ကြည့်နေသောကြောင့် မျက်စောင်းထိုးပစ်လိုက်သည်
YOU ARE READING
I adore you ( Complete )
Romanceဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လေးက သူငယ်ချင်း ၂ယောက်ရဲ့ အကြောင်းကိုပဲ ဦးစားပေးရေးသားမှာပါနော်