အပိုင်း ( ၃၀ )

8.7K 130 4
                                    

" I Adore You "
~~~~~~~~~~~~~
Part - 30
~~~~~~~
" ပန်းလေးရေ မပြီးသေးဘူးလားကွယ် "

မေမီလည်း အခန်းထဲဝင်လာပြီး သမီးဖြစ်သူကိုမေးလိုက်တယ်

" နှုတ်ခမ်းနီလေး ဆိုးပြီးရင် ပြီးပြီမာမီရဲ့ "

" မိတ်ကပ်ပြင်တဲ့သူနဲ့ပြင်ပါဆို မပြင်ဘူး "

" မာမီကလည်း ဘွဲ့လေးယူရုံပဲကို "

" ဘာကိုဘွဲ့လေးလဲ "

" တော်ပါပြီ မာမီရယ် သမီးကဒီဘွဲ့ကို ယူချင်တာတောင်မဟုတ်ဘူး ညှို့ကိုအားနာတယ်မာမီရဲ့ "

" ဒါကတော့ ဘယ်တတ်နိုင်မလဲ ပန်းလေးရယ် "

" ဒါကြောင့်ပြောတာပေါ့ ဘွဲ့ကအရေးမကြီးပါဘူးဆို သူများတွေဆို သမိုင်းနဲ့ဘွဲ့ရလည်း သမိုင်းပညာရှင်မှ မဖြစ်သွားတာ "

" ဟုတ်ပါပြီကွယ် ဒါဆို မာမီအောက်ထပ်မှာစောင့်နေမယ်နော် "

" ဟုတ်မာမီ ခဏနေရင်ဆင်းလာခဲ့မယ် "

စွဲမက်လည်း နှုတ်ခမ်းနီခပ်ပါးပါးလေးဆိုးပြီးတာနဲ့ မာမီတို့ရှိရာကိုလာခဲ့လိုက်တယ်

" မေလှိုင် ညှို့ရောဟင် "

" အလုပ်သွားတယ် ပန်းလေးရဲ့ အလုပ်ကနေမှလာခဲ့မယ်တဲ့ "

" ဟုတ် "

" ကဲပါ စူပုတ်မနေနဲ့တော့ ပျော်ပျော်လေးနေ "

" ဟု​တ် မေလှိုင် "

ဒီလိုနဲ့သူတို့လည်း ဘွဲ့နှင်းသဘင်ရှိရာကိုထွက်လာခဲ့ကြတယ်

ဘွဲ့ယူမဲ့နေရာကိုရောက်တော့လည်း မာမီတို့က ဓာတ်ပုံမရိုက်ချင်ပါဘူးဆိုတာကို အတင်းရိုက်ခိုင်းလို့ ကျေနပ်အောင် ၁ပုံ ၂ပုံလောက်တော့ ရိုက်လိုက်ရသည်

ဒီအချိန် ညှို့ပါ ဘွဲ့အတူတူရရင်တော့ ဓာတ်ပုံတွေအများကြီးရိုက်မိနေမှာအမှန်ပင်

အခုကတော့ ညှို့ကလည်းဘေးနားမရှိတော့ ဘာမှမလုပ်ချင်ပါ

ပွဲအခမ်းအနားကစပြီဖြစ်တာကြောင့် သူမတို့တွေလည်း ဘွဲ့နှင်းသဘင်ခန်းမထဲဝင်ခဲ့ကြတယ် ဘွဲ့ရတာ သူများတွေတော့မသိပေမဲ့ သူမကတော့ အထက်တန်းနှုတ်ဆက်ပွဲတုန်းကလောက် မပျော်မိပါ
.....
" မေလှိုင် ညှို့လည်း မလာသေးဘူး ဘွဲ့တောင်ယူပြီးပြီကို "

I adore you ( Complete ) Место, где живут истории. Откройте их для себя