" I Adore You "
~~~~~~~~~~~~~
Part - 15
~~~~~~~
" ကြွပါ မောင်ရင် "
" အန်ကယ်က ဦးအောင်မြတ်လား "
" ဟုတ်ပါတယ် "
" တွေ့ရတာဝမ်းသာပါတယ် အန်ကယ် ကျွန်တော့်ကိုအများကြီးသင်ပြပေးပါဦးခင်ဗျ "
ဒီလိုနဲ့သူလည်း ဦးအောင်မြတ်နဲ့အတူတူ ရုံးခန်းထဲကိုဝင်လာခဲ့လိုက်သည်
"ဒါတွေကလတ်တလောစာရင်းတွေပဲ မောင်ရင်"
" ဟုတ်ကဲ့ အန်ကယ် "
" မောင်ရင်မြင်တဲ့အတိုင်းပဲ Company က ရုတ်တရက်ဆိုသလို ရှယ်ယာစျေးတွေထိုးကျလာတာ "
" ကျွန်တော်သိပါတယ် "
" အန်ကယ်တို့ဘက်က လုပ်ရမှာက ထုတ်ကုန်အသစ်ထုတ်ဖို့ပဲ မောင်ရင် "
" ကျွန်တော်ကတော့ ပထမဦးဆုံးအနေနဲ့ ဝန်ထမ်းတွေကို ပြန်ရွေးချင်တယ် အန်ကယ် "
" ဟေ ဘာလို့လဲ "
" အရင်ကိစ္စတွေက အတွင်းလူမွှေလို့ဖြစ်သွားတဲ့အရာတွေပဲအန်ကယ် အဲ့လူကိုမိသွားပေမဲ့လည်း နောက်တစ်ခါထပ်မဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘူး "
" ဒီလိုဆိုရင်တော့ မောင်ရင် စိတ်ပူဖို့မလိုပါဘူး အရင်တခါကိစ္စဖြစ်ပြီးကတည်းက အန်ကယ်တို့ဝန်ထမ်းအသစ်တွေပြန်ခန့်ထားတာပါ "
" ကောင်းပါပြီ အန်ကယ် ဒါဆိုကျွန်တော်တို့ meeting ခေါ်လိုက်ကြရအောင် "
ဦးအောင်မြတ်လည်း ဌာနတစ်ခုဆီက ခေါင်းဆောင်တွေကို meeting ခေါ်လိုက်သည်
သူတို့လည်း meeting စလိုက်ရာ ၂နာရီလောက်မှ ပြီးသွားလေသည်
ဌာနတစ်ခုချင်းစီက လိုအပ်ချက်တွေကလည်း များသားပင် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ကလည်း မလွယ်ကူတာအမှန်ပင်
ညှို့လည်း ငယ်ငယ်ကစာသင်ဖူးသော ဆရာတစ်ယောက်ပြောစကားကို အမှတ်ရမိလေသည်
" ဆရာတို့ဆိုရင် တပည့်တွေကို ဘယ်တော့မှခက်တာတွေမသင်ဘူး အဲ့လိုသင်လိုက်ရင် ကလေးတွေက ကျောင်းမလာချင်ကြတော့ဘူး သူတို့စိတ်ထဲမှာ ကျောင်းလာရမှာကိုကြောက်သွားရော
KAMU SEDANG MEMBACA
I adore you ( Complete )
Romansaဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လေးက သူငယ်ချင်း ၂ယောက်ရဲ့ အကြောင်းကိုပဲ ဦးစားပေးရေးသားမှာပါနော်
