အပိုင်း ( ၆ )

10.5K 210 6
                                    

" I Adore You "
~~~~~~~~~~~~
Part - 6
~~~~~~
ရွှေပိုးအိမ်လည်း သူမရဲ့လက်ထဲ ပြန်ရောက်လာတဲ့ လက်ဆောင်လေးကိုကြည့်ပြီး ဝမ်းနည်းသွားလေသည်

" ရွှေ ညှို့အစားငါတောင်းပန်ပါတယ်နော် "

" ဘာလို့လဲ နင်ကဘာလို့တောင်းပန်ရတာလဲ "

" ငါ ငါက ညှို့ရဲ့သူငယ်ချင်းမို့လို့ "

" ဒါတွေ ဒီလိုဖြစ်ရတာနင့်ကြောင့် နင်ကညှို့အနားမှာတစ်ချိန်လုံးကပ်နေတော့ ညှို့က ငါ့ကိုမမြင်နိုင်တော့တာ "

" ရွှေ နင်ဘယ်လိုတွေပြောနေတာလဲ ငါနဲ့ညှို့ကို နင်ဘာလို့အခုလိုတွေပြောနေရတာလဲ "

" ငါပြောတာမဟုတ်လို့လား ဖြူစင်ချင်ယောင်ဆောင်ပြီး နင်ညှို့အနားကိုကပ်နေတာလေ ရုပ်လေးသနားကမားနဲ့ "

" ငါ့ကိုအခုလိုပြောနေတဲ့ နင့်ရဲ့စိတ်ဓာတ်ကသာ အောက်တန်းကျနေတာ "

" နင်ငါ့ကိုဘာမှပြောစရာမလိုဘူး စွဲမက် နင်သာ ညှို့ကိုသူငယ်ချင်းဆိုပြီး အပိုင်မသိမ်းလိုက်နဲ့ ပြောတော့တာသူငယ်ချင်း နေပုံထိုင်ပုံတွေက ရည်းစားတွေလိုပဲ "

ရွှေပိုးအိမ်လည်း ပြောစရာရှိတာပြောပြီး ထွက်လာခဲ့လိုက်သည်

စွဲမက်လည်း သူမတကယ်ခင်ရသော သူငယ်ချင်းက အခုလိုပြောတော့ အရမ်းစိတ်မကောင်းဖြစ်မိသည်။ ပြီးတော့ သူနဲ့ညှို့နဲ့ကို မိဘတွေကတောင်ဘာမှမပြောတာ သူတို့ကဘာဖြစ်နေကြတာလဲ

စွဲမက်လည်း တွေးရင်းတွေးရင်း မျက်ရည်များကျလာလေသည် ထို့နောက် ခေါင်မိုးထပ်ပေါ်မှာရှိတဲ့ခုံတန်းလေးပေါ်မှာထိုင်ပြီး စိတ်ရှိလက်ရှိငိုပစ်လိုက်သည်

" အရူးမလေး ဘာလို့ငိုနေတာလဲ "

" ဟင် ညှို့ "

" မျက်ရည်တွေနဲ့ ပေပွနေတာပဲကွာ "

စွဲမက်လည်း ထိုအခါမှ မျက်ရည်တွေသုတ်လိုက်သည်

" ညှို့ ရွှေကလေ အီး...ဟီး.... "

" တိတ်တိတ် ငါအကုန်လုံးသိပါတယ် "

ညှို့လည်းငိုနေတဲ့ အရူးမလေးကို သူ့ရင်ခွင်ထဲဆွဲသွင်းပစ်လိုက်သည်

I adore you ( Complete ) Where stories live. Discover now