အပိုင်း ( ၃၅ )

9.2K 124 0
                                    

" ဟိုးထား ဟိုးထား ဝင်လို့မရဘူး "

ဝတ်လွှာနဲ့ မြူနှင်းကြောင့် သူလည်းစိတ်ညစ်သွားရတယ်

" ဟေ့ကောင်တွေ မင်းတို့ကောင်မလေးတွေကိုပြောဦး "

" သူတို့ကမှန်တယ် မင်းကိုကမှားတာ ဘယ်နှယ့်ကိုယ့်အခန်းထဲပဲ ကိုယ်နေပေါ့ကွ ခဏနေတွေ့ရမှာပဲကို "

" ကျစ် "

" ဟော သားလေး ဘာလာလုပ်တာလဲ "

" ပန်းကို လာကြည့်တာမာမီ "

" ကြည့်လို့မရသေးဘူးလေကွယ် ခန်းမထဲရောက်မှသာ ကြည့်တော့ "

" မာမီတို့ကလည်းဗျာ "

ညှို့လည်း စိတ်အလိုမကျစွာနဲ့ ပန်းအလှပြင်နေတဲ့ အခန်းရှေ့ကနေ လှည့်ထွက်လာခဲ့လိုက်တယ်

" နင်တို့နော် ငါ့ရဲ့ညှို့ကို အနိုင်ကျင့်နေတာ "

" ဒါကအစဥ်အလာပဲလေ ခန်းမထဲရောက်မှတွေ့ခွင့်ရှိရမယ် "

" အကျင့်ယုတ်တွေ "

" အဟင်း စွဲမက်လေးတို့ကတော့နော် နာရီပိုင်းလောက်လေးပဲ ခွဲရတာကို "

" မနှိုင်းပဲပြောလိုက်ပါတော့ သူ့ကိုတော့ထိန်းမနိုင်တော့ဘူး "

" ချစ်တာကိုးလို့ "

ဒီနေ့က ချစ်သူများနေ့ဖြစ်သလို သူမနဲ့ညှို့ရဲ့မင်္ဂလာဆောင်လည်း ဖြစ်လို့ မနက်ကတည်းက ရင်ခုန်နေရသည်ပင်

" မနှိုင်း စွဲမက် ညှို့ကိုအခုတွေ့လို့ရမလားဟင် ရင်တွေအရမ်းတုန်နေလို့ "

" မရဘူးနော် ငါတို့ခွင့်မပြုဘူး "

" မနှိုင်းလို့ "

မျက်နှာငယ်လေးနဲ့ပြောလာတဲ့ စွဲမက်ကြောင့် နှိုင်းလည်း ဝတ်လွှာနဲ့မြူနှင်းကို ဆွဲခေါ်လာခဲ့လိုက်တယ်

" ကောင်မလေးတွေနော် အနိုင်မကျင့်ရဘူး ကိုယ့်အလှည့်ကျမှဝဋ်လည်နေမယ် "

နှိုင်းကထိုသို့ပြောလိုက်မှ ညိမ်သွားတဲ့ ၂ယောက်ကြောင့် ပြုံးလိုက်မိသည်

" CEO စွဲမက်လေးကို တွေ့ချင်ရင် သွားတွေ့လို့ရပြီနော် အမ ဒီ ၂ကောင်ကို ခေါ်သွားလိုက်ပြီ "

I adore you ( Complete ) Where stories live. Discover now