အပိုင်း ( ၁၆ )

8K 149 0
                                    

" I Adore You "
~~~~~~~~~~~~~
Part - 16
~~~~~~~
ဒီနေ့ ဒယ်ဒီက ညှို့ရှိနေတဲ့ Singapore ကို သွားခြင်းကြောင့်  စွဲမက်ကတော့ ညှို့တို့ရန်ကုန်မှာရှိတဲ့ Company ကို သွားကြည့်ရမှာမို့ မနက်ကတည်းကထပြီး သူမရဲ့သွင်ပြင်ကို ပြင်ဆင်နေမိသည်

မေလှိုင်ကလည်း ဖေစိုင်းကိုစိတ်မချသောကြောင့် အနားကနေတစ်ချက်မှမခွာပေ ဒါကြောင့် ကိစ္စအဝဝက သူမခေါင်းပေါ်မှာချည်းဖြစ်နေတော့သည်

" စွဲမက်လေး ရောက်လာပြီလား "

" အကုန်အဆင်သင့်ဖြစ်ပြီလား အမ "

" ကိစ္စတစ်ခုတော့ရှိနေတယ် စွဲမက်လေး "

စွဲမက်လည်း စက္ကထရီအမစကားကြောင့် တစ်ချက်လှည့်ကြည့်လိုက်လေသည်

" ဘာဖြစ်လို့လဲ အမ "

သူတို့လည်း shooting ရှိတဲ့အခန်းကို သွားနေစဥ် လမ်းလျှောက်ပြီး လုပ်ငန်းကိစ္စအဝဝကိုပြောနေလိုက်သည်

" model က သိပ်အဆင်မပြေဘူးဖြစ်နေတယ် "

" စွဲမက် ဝင်ကြည့်လိုက်မယ် "

သူမ shooting room ထဲက model အခန်းထဲဝင်လာတော့ model က မျက်နှာရဲ့မျက်နှာက သိပ်ကိုခက်ထန်နေလေသည်

" ဘာများဖြစ်လို့လဲရှင့် မသဒ္ဒါ "

" မင်းက ဒီက တာဝန်ရှိတဲ့သူလား "

" ဟုတ်ပါတယ် "

" ဒါဆို တို့ဒီအလုပ်ကို ငြင်းပါရစေ "

" ဘာဖြစ်လို့လဲ "

" အုပ်ချုပ်မဲ့သူက အသက် ၂၀အရွယ် မိန်းကလေးတစ်ယောက်ဖြစ်နေမယ်လို့ တို့တစ်ခါမှမထင်ခဲ့ဖူးဘူး ဒါကြောင့်ဒီလိုအတွေ့အကြုံမရှိသေးတဲ့ လူကိုအုပ်ချုပ်ခိုင်းထားတဲ့ Company မှာ တို့မလုပ်ချင်ဘူး "

" ဒါဆိုလည်းမလုပ်နဲ့လေ ခုချက်ချင်း Company ထဲက ထွက်သွားပြီးတော့ ကျွန်မတို့ Company က sponsors ပေးထားတဲ့ ပစ္စည်းတွေအကုန်လုံးလည်းထားခဲ့ပါ ဖြစ်နိုင်ရင် ရှင်အခုလိမ်းထားတဲ့ ကျွန်မတို့ Company က make up တွေပါ ခွာချလို့ရရင်ခွာချချင်သေးတာ "

သဒ္ဒါလည်း သူက ပညာစမ်းချင်လို့ပြောလိုက်ပေမယ့် အခုလိုပြောလိမ့်မယ်လို့တော့တစ်ခါမှမထင်ထားပေ အရင်လူတွေဆို ကိုယ့်ကိုယ်အောက်ကျို့ပြီး မနည်းတောင်းဆိုနေရတာ သူကတော့မဟုတ်ပေ

I adore you ( Complete ) Where stories live. Discover now