အပိုင်း ( ၉ )

12K 231 1
                                        

" I Adore You "
~~~~~~~~~~~~~
" Part - 9 "
~~~~~~~~
" စွဲမက် အဲ့တစ်ယောက်က ညှို့ကို ကြိုက်နေသလိုပဲ "

" ဘယ်သူလဲ ယောကို ပြောတာလား "

" အင်း ဟုတ်တယ် "

" ဘာလို့ အဲ့လိုထင်ရတာလဲ "

" စွဲမက်ရယ် သူ့ပုံစံက သိသာပါတယ်ဟ နင်ကသာ သတိမထားမိလို့ မသိတာ "

" ဟုတ်တယ် စွဲမက် ဝတ်လွှာပြောတာမှန်တယ် ညှို့ပုံစံကလည်း အရင်မိန်းကလေးတွေတုန်းကကျစကားတောင်ပြောတာမဟုတ်ဘူး အခုတစ်ယောက်နဲ့ကျတော့ သိပ်မတူဘူးဟ "

" နင်တို့ကလည်း ဒါကကောင်းတာပဲကို ကျောင်းမှာ ငါတို့ ၄ယောက် ချစ်ချစ်ခင်ခင်နေလို့ရတာပေါ့ "

" နင်ပဲကောင်းနေ အရူးမရဲ့ ညှို့က နင့်ကိုထားသွားရင် ဘယ်လိုလုပ်မလဲ "

" ညှို့က ဘာလို့ငါ့ကို ထားသွားရမှာလဲ "

" စွဲမက်ရယ် ငါအဲ့ဒါကြောင့်ပြောတာ စာဖတ်ပါဆိုတာကို အခုကျ နင်က ဘာမှကိုမသိဘူး ပေးနင့်ဖုန်း ငါ wattpad acc ထည့်ပေးမယ် စာအုပ်တွေပါ တခါတည်းရှာပြီးထည့်ပေးထားမယ် "

" ဘာမှလည်းမဆိုင်ဘူး "

" မဆိုင်ဘူးလုပ်မနေနဲ့ နင်ညှို့ကိုမချစ်ဘူးလားဟင် စွဲမက် "

" ချစ်တာပေါ့ ငါ့အချစ်ဆုံးသူငယ်ချင်းပဲကို "

" သူငယ်ချင်းလိုပြောတာမဟုတ်ဘူး စွဲမက်ရဲ့ ယောကျာ်းလေးတစ်ယောက်အနေနဲ့ပြောတာ နင်တို့ ၂ယောက်က တသက်လုံးဒီတိုင်းနေသွားလို့မှမရတာ ညှို့က ရည်းစားရသွားရင် သူ့ကောင်မလေးကိုပဲ ဂရုစိုက်တော့မှာလေ နင့်ကိုဂရုမစိုက်တော့တာကို နင်လိုချင်တာလား "

" ဟင့်အင်း အဲ့လိုမဖြစ်ချင်ဘူး ဟင့် "

" အော်စွဲမက်ရယ် ငိုမနေနဲ့ ဒါတောင်ငါက အဖြစ်သဘောမျိုးနဲ့ပဲပြောပြတာနင့်ကို "

" ဒါဆိုငါဘာလုပ်သင့်လဲဟင် "

" နင် အရင်ဆုံး ညှို့ကိုချစ်လား မချစ်လား ပြန်ဆန်းစစ်သင့်တယ် "

" ဟုတ်တယ် စွဲမက် ငါနင့်ကို ငါတို့ကျောင်းက ကောင်လေးတစ်ယောက်နဲ့မိတ်ဆက်ပေးမယ် နင်သူနဲ့စကားပြောကြည့်ကြည့်ဟာ ပြီးရင် ခံစားချက်ချင်းနှိုင်းယှဥ်ကြည့် "

I adore you ( Complete ) Where stories live. Discover now